Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနိုင်ငံမှ တရုတ်ပြည်သို့ သစ်သီးဝလံ Logistics နည်းလမ်းသစ်

ထိုင်းနိုင်ငံသည် တရုတ်ပြည်သို့ စားသောက်ကုန်များ ပေးပို့ရာ၌ ကုန်ပစ္စည်းကွင်းဆက် လမ်းပိတ်ဆို့မှုများကိုရှောင်လွှဲရန်နှင့် ပုပ်သိုးပျက်စီးလွယ်သော စားသောက်ကုန်များကို အချိန်မီရောက်ရှိရန် လမ်းကြောင်းနည်းလမ်းသစ်တစ်ခုကို အသုံးပြုနေသည်။

 

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံအဖို့ အာရှတိုက်အတွက် အကြီးမားဆုံးဖောက်သည်ဖြစ်ပေရာ ဈေးကွက်ထဲသို့ အလျဉ်မပြတ် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည်။ လယ်ယာထွက်ကုန် ဟင်းသီးဟင်းရွက်များ။ သစ်သီးဝလံများသည် ပုပ်သိုး ပျက်စီးလွယ်သဖြင့် ကိုဗစ်ကာကွယ်တားဆီးရေးကြောင့် လမ်းကြောင်း ပိတ်ဆို့သည်ကို ရှောင်လွှဲရန်အတွက် ယခုလို စီစဉ်ခြင်း ဖြစ်သည်။


ပုံမှန်အားဖြင့် ထိုင်းနိုင်ငံ လယ်ယာထွက်ကုန်များသည် လယ်ယာများမှ ပွဲရုံသို့ ရောက်ရှိကြပြီးသောအခါ ထရပ်ကားဖြင့် တင်ဆောင်ပြီး ဗီယက်နမ်နှင့် လာအို နိုင်ငံများကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ပို့ဆောင်သည်။


သင်္ဘောများနှင့် လေယာဉ်များကိုလည်း အသုံးပြုသည်။ သို့သော် Covid-19 ကူးစက်ရောဂါသည် ကမ္ဘာအနှံ့ထောက်ပံ့ပို့ဆောင်ရေးကို ထိခိုက်စေခဲ့ရာ နယ်စပ်နှောင့်နှေးမှုများ၊ လေယာဉ်များနည်းပါးခြင်း စသည့်အခက်အခဲများရှိသည်။ သင်္ဘောဖြင့် ပို့ဆောင်ပါက ရက်ကြာသဖြင့် ကုန်စည် ပျက်စီးမည့်အရေးများလည်း ရှိနေစေသည်။

 

ဖြေရှင်းပုံ တစ်ခုမှာ ထိုင်းနိုင်ငံသည် သယ်ယူပို့ဆောင်ရေးစနစ်နှစ်မျိုးသုံးသည့် ပုံစံကို စတင်ခဲ့သည်။ ဗီယက်နမ်သို့ ကုန်ပစ္စည်းများကို ထရပ်ကားဖြင့် တင်ပို့သည်။ ဗီယက်နမ်တွင် ကွန်တိန်နာများထဲသို့ ပြောင်းထည့်ပြီး တရုတ်ပြည်သို့ ရထားများဖြင့် ပို့ဆောင်သည်။

 

၎င်းသည် ရိုးရိုးလေးဖြစ်ဟန်ရှိသော်လည်း ထိုင်းမှာ ဤပုံစံမျိုးဖြင့် တင်ပို့မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟုစိုက်ပျိုးရေးဒုတိယ ၀ န်ကြီး Narapat Kaeothong မှပြောကြားခဲ့သည်။

 

"ရထားလမ်းဖြင့် သယ်ယူပို့ဆောင်ရေးသည် ကုန်တင်ကားများထက် ပိုမိုဈေးသက်သာပြီး ပိုမိုမြန်ဆန်ပါတယ်။ ထို့ကြောင့် ကုန်ကျစရိတ်နှင့်ပေးပို့မှုအချိန်ကိုသိသိသာသာလျှော့ချသွားနိုင်တယ်"ဟု Narapat က ပြောကြားခဲ့သည်။

 

၎င်းသည် logistics နည်းလမ်းသစ်တစ်ခု ဖြစ်လာပြီး ရေရှည် ဆက်လက်သုံးစွဲသွားဖွယ် ရှိသည်။

 

လက်ရှိတွင် ထိုင်းနှင့်တရုတ်ကို တိုက်ရိုက်ဆက်သွယ်မည့် ရထားလမ်းမရှိသေးသော်လည်း နှစ်နိုင်ငံကို ရထားလမ်းဖြင့် ချိတ်ဆက်ရန် စီစဉ်နေသည်။

 

ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ၀ န်ကြီးဌာန၏ အချက်အလက်များအရတရုတ်နိုင်ငံသည် အမေရိကန်ပြီးလျှင်နံပါတ် ၂ ပို့ကုန်ဈေးကွက် ဖြစ်သည်။

 

ထိုင်းနိုင်ငံမှ လယ်ယာထွက်ကုန်များ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အစဉ်အလာအားဖြင့် တရုတ်နိုင်ငံသို့ကုန်းလမ်းဖြင့်သယ်ယူပို့ဆောင်ပြီး ခရီးစဉ် အစအဆုံး ထရပ်ကားများကိုသာ အသုံးပြုခဲ့သည်။


အဓိကကျသည့် ပို့ကုန်များတွင် ဒူရင်း၊ မင်းဂွတ်။ ကနစိုသီးတို့သည် အပူပိုင်းဒေသအသီးအနှံများဖြစ်ပြီး ထိခိုက်လွယ်ဆုံး ကုန်ပစ္စည်းများဖြစ်သည်။

 

တရုတ်သို့ ထိုင်းနိုင်ငံမှ လယ်ယာထွက်ကုန်တင်ပို့မှုသည် ယခင်နှစ်အလားတူလနှင့်နှိုင်းယှဉ်လျှင် မေလတွင် ၁၅ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း စုစုပေါင်းပို့ကုန်စုစုပေါင်းအရကြည့်လျှင် ၂၂.၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအပေါ် မှီခိုထားသောစီးပွားရေးသည် ဆယ်စုနှစ်နှစ်ခုအတွင်းအကြီးအကျယ်ကျဆင်းနေပြီး ဗဟိုဘဏ်က စုစုပေါင်းပြည်တွင်းထုတ်ကုန်ကို စံချိန်တင် ၈.၁ ရာခိုင်နှုန်းဖြင့်ကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားသည်။

 

By Myanmar Food Industry Guide

Ref: Straits Times

Read times
Rate this item
(0 votes)