Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား စားအုန်းဆီ မေ ၂၃ တွင် ပြည်ပတင်ပို့ခွင့် ပြန်လည်ခွင့်ပြုမည်ဟု အင်ဒိုနီးရှား သမ္မတ ကြေညာ

အင်ဒိုနီးရှား စားအုန်းဆီ မေ ၂၃ တနင်္လာနေ့တွင် ပြည်ပတင်ပို့ခွင့် ပြန်လည်ခွင့်ပြုမည်ဟု အင်ဒိုနီးရှား သမ္မတ ကြေညာ

အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီ ပြည်ပတင်ပို့မှု ပိတ်ပင်ထားသည်မှာ ၃ ပတ်အကြာတွင် တနင်္လာနေ့မှစ၍ ပိတ်ပင်တားမြစ်ထားခြင်းကို အဆုံးသတ်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတက ပြောကြားသည်။

ကမ္ဘာ့စာအုန်းဆီတင်ပို့မှု အများဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ဧပြီလ ၂၈ ရက်မှစ၍ စားအုန်းဆီအမျိုးမျိုး ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပြီး ပြည်တွင်း ဟင်းချက်ဆီဈေးနှုန်း ကျဆင်းရန် ကြိုးပမ်းခဲ့သည်။ 

သမ္မတ ဂျိုကို ဝီဒူဒူက ၂၀၂၂ မေလ ၁၉ ရက် ကြာသပတေးနေ့တွင် လက်ကား ဟင်းချက်ဆီ ပေးသွင်းနေသည့် ပမာဏသည် လိုအပ်သည်ထက် ပိုနေပြီးဖြစ်သော်လည်း လက်ကားရောင်းဈေးသည် အင်ဒိုနီးရှား အစိုးရက ဖြစ်စေလိုသည့် တစ်လီတာ ရူပီ ၁၄,၀၀၀ အထိ ကျဆင်းခြင်း မရှိကြောင်း ပြောကြားသည်။ 

"ဒေသအချို့မှာ ဟင်းချက်ဆီဈေးနှုန်းများက နှိုင်းစာရင် မြင့်နေတုန်းပဲ ဆိုတာ ကျွန်တော် သိထားပါတယ်။ ဒါပေမဲ့ ဝယ်သုံးဖို့ တတ်နိုင်တဲ့ အနေအထားဆီ ပိုမိုရောက်ရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ဗီဒီယို မှတ်တမ်းတွင် သမ္မတက ပြောကြားသည်။ 

ယခုလို ပြည်ပတင်ပို့ခွင့်ကို ပြန်ဖွင့်ပေးလိုက်သော်လည်း အစိုးရက ပြည်တွင်းဈေးကွက်ကို အနီးကပ်ကြီးကြပ်စောင့်ကြည့်သွားမှာဖြစ်ကြောင်း ၊ ဝယ်လိုအားကို တန်ဖိုးသင့် ဈေးနှုန်းများဖြင့် ရောင်းချနေသည်မှာ သေချာစေမည်ဟု ၎င်းက ပြောကြားသည်။

Read times Last modified on Monday, 23 May 2022 13:14
Rate this item
(0 votes)