Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀ခုနှစ်တွင် အေးခဲထားသော ဒူရင်းသီး ဝယ်လိုအား မြင့်တက်ခဲ့

အေးခဲထားသော ဒူရင်းသီး ဝယ်လိုအားသည် covidရောဂါပိုး ကူးစက်ပျံ့နှံ့မှုတစ်လျှောက်လုံး မြင့်တက်ခဲ့သည်။Exotic Growers, Inc. မှ Dennis Severက “ ၂၀၂၀တွင် ဒူရင်းဝယ်လိုအားက ၁၀၀ ရာခိုင်နှုန်းအပြည့်ထိ တိုးလာခဲ့ပါတယ်။

အထူးသဖြင့် အွန်လိုင်းစျေးကွက်အတွင်းရှိ ဖောက်သည်များကြောင့် ဖြစ်ပါတယ်။ ၂၀၁၉မှာ ကျွန်တော်တို့ဟာ အေးခဲထားသောဒူရင်းကို တစ်ပတ်မှာ တစ်ခြင်းသာ ယူဆောင်လာပြီး၊ ၂၀၂၀မှာတော့ ဝယ်လိုအားမြင့်တက်မှုကြောင့် တစ်ပတ်ကို ကွန်တိန်နာတစ်လုံး ယူဆောင်လာပေးပါတယ်" ဟုပြောကြားခဲ့သည်။

Dennis Serverက “ကျွန်တော်တို့ဟာ ဗီယက်နမ်နှင့်မလေးရှားမှ အေးခဲထားသော ဒူရင်းများကို ယူဆောင်လာပြီး အမေရိကန်သို့တင်ပို့ပါတယ်။ လွန်ခဲ့သော နှစ်နှစ်ကတော့ ကိုယ်ပိုင်စိုက်ခင်းမှာဘဲ ထုတ်လုပ်ပြီးတင်ပို့ခဲ့တာပါ။ ဒါပေမဲ့ ဒူရင်းဟာ ကြီးထွားနှုန်း နှေးကွေးတဲ့အပင်တစ်ပင်ဖြစ်ပြီး ဘာထုတ်လုပ်မှုမှမလုပ်ခင် အသီးဝေဆာဖို့ ၁၀ နှစ်လောက် အချိန်ပေးရလိမ့်မယ်" ဟုပြောကြားခဲ့သည်။

 

အေးခဲထားသော အသီးများက လတ်ဆတ်မှုရှိသလား?

အေးခဲထားသော ဒူရင်းများကို အသင့်စားသုံးနိုင်သည့် သစ်သီးစျေးကွက်တွင် ရောင်းချကြပါသည်။ Dennis Server က “အေးခဲထားသောအသီးဆိုတာ အသီးအမှည့်မလွန်ခင်၊ သို့မဟုတ် မှည့်နေသောအချိန်တွင် အေးခဲထားတာဖြစ်တဲ့အတွက် ပုပ်သိုးခြင်း ပြသနာမျိုး လုံး၀မရှိနိုင်ပါဘူး။

ထို့ကြောင့် အေးခဲထားသော အသီးများဟာ အလွန်စျေးကြီးပါတယ်။ ဒေါ်လာ ၅၀ မှ ၆၀ အထိ ဈေးပေးရပါတယ်။ ဒါကြောင့် အတွင်းမှာ ပုပ်နေလျှင် အလွန်နှမြောစရာကောင်းပါတယ်” ဟုပြောကြားခဲ့သည်။

Dennis Server က “ဒူရင်းသည် အာရှနိုင်ငံများတွင် ရေပန်းစားသောကြောင့် တရုတ်နှစ်သစ်ကူးပွဲတော်လို ကာလမျိုးတွင် ဒူရင်းဝယ်လိုအား ပိုမိုမြင့်တက်နိုင်ပါတယ်။ ၂၀၂၀ ခုနှစ်က အိမ်မှာနေရသောကာလဖြစ်သောကြောင့် လူငယ်အများစုက အသင့်စားဒူရင်းများကို အွန်လိုင်းပေါ်မှ မှာယူစားသုံးနေကြပါတယ်။အဲဒါကြောင့် အပတ်တိုင်း ဝယ်လိုအားက မြင့်တက်လျက်ရှိနေပါတယ်။ စျေးနှုန်းကတော့ ၀ယ်လိုအားတိုးလာသော်လည်း စျေးတက်ဖို့မရှိပါ" ဟုပြောကြားခဲ့သည်။

Ref - freshplaza.com

Read times Last modified on Friday, 15 January 2021 13:51
Rate this item
(0 votes)