Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၄) မြို့နယ်၌ တောင်သူဈေးကား အစီအစဉ်ဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ လှည့်လည်ရောင်းချ

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက

ကြီးမှူးဆောင်ရွက်သည့် တောင်သူဈေးကား အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၄) မြို့နယ်အတွင်း ဈေးကားများဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ လှည့်လည် ရောင်းချပေးလျက်ရှိပါသည်။


ထိုသို့ လှည့်လည်ရောင်းချပေးသည့် မြို့နယ်(၄) မြို့နယ်မှာ တောင်ဒဂုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ဖြစ်ပြီး အခြားမြို့နယ်များသို့လည်း ရောင်းချပေးရန် စီစဉ်ထားပါသေးသည်။ ရောင်းချရာတွင် အဆိုပါမြို့နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းကူညီမှုနှင့်အတူကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးလျက်ရှိသည်ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း၏ အလုပ်အမှုဆောင် ဦးမင်းဇော် က ပြောကြားသည်။


ရောင်းချရာတွင် ရှမ်းပြည်နယ် နောင်တရား တောင်သူများ၊ ပင်လောင်း တောင်သူများနှင့် မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံရှိ တောင်သူများ၏ ကုန်စည်များဖြစ်သည့် နောင်တရား၊ ပင်လောင်းကုန် ခရမ်းချဉ်၊ အာလူး၊ ငရုတ်သီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ ပင်းတယ ကြက်သွန်နီနှင့် ရန်ကုန် ချဉ်ပေါင်၊ ကန်စွန်း၊ ကင်ပွန်း၊ ဘုံလုံ၊ ဘူး၊ ဖရုံ၊ ဆူးပုပ်၊ ဟင်းနုနယ်၊ ဂွေးတောက်၊ မုန်ညင်း၊ ခဝဲ၊ ခရမ်း၊ မုန်လာ စသည့်ဟင်းသီးဟင်းရွက်မျိုးစုံ တို့ကို ရောင်းချပေး ခြင်းဖြစ်သည်။


အဆိုပါအစီအစဉ်ကို ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ် ပွားသည့်အချိန်မှ စတင်ကာ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပြီး ကြားကာလတွင် ခေတ္တခဏရပ်နားကာ ယခုအခါတွင် ပြန်လည်ရောင်းချ ဆောင်ရွက်ပေးခြင်းဖြစ်ရာ ယင်းအစီအစဉ်တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်လိုသည့် တောင်သူများအနေဖြင့် ဖုန်း-၀၉-၅၀၀၅၂၆၉ နှင့် ၀၉-၄၃၀၃၄၈၉၄ သို့ ဆက်သွယ်နိုင်ပါသည်။

 

By Myanmar Food Guide

MRTV

Read times
Rate this item
(0 votes)