Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပွင့်လင်းရာသီ ရောက်ရှိလာသည့်အတွက် အချိုရည်စျေးကွက်တွင် အပြိုင်အဆိုင်ဖြစ်လာ

ယခုအခါ မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီ ရောက်ရှိလာသည့်အတွက် အချိုရည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော ကုမ္ပဏီများအနေနှင့် ရောင်းအားများ မြင့်တက်လာသော်လည်း စျေးကွက်အတွင်း အချိုရည်အမျိုးအစားများနှင့် အမှတ်တံဆိပ်များလည်း များပြားလာသောကြောင့် စျေးကွက်ဝေစုရရှိစေရန် အချိုရည်ကုမ္ပဏီများမှ ၀န်ထမ်းများသည် အပြိုင်အဆိုင် ဖြန့်ဖြူးရောင်းချနေရကြောင်း သိရသည်။

 

ထိုသို့ အချိုရည်ရောင်းအား အနည်းငယ် မြင့်တက်လာသော်လည်း ကုန်ပစ္စည်းများ အလွယ်တကူ မှာယူနိုင်သည့်အပြင် ရောင်းလိုအားများသောကြောင့် ယခင်စျေးနှုန်းများအတိုင်း စျေးတက်ခြင်းမရှိကြောင်း ရန်ကုန်မြို့မှ ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

အချိုရည်လုပ်ငန်းများသည် စျေးကွက်အတွင်း ပြိုင်ဆိုင်ရောင်းချနိုင်ရန်အတွက် ထုတ်ပိုးမှုပုံစံသစ်များနှင့် ထုတ်ကုန်အသစ်များ တိုးချဲ့ထုတ်လုပ်ပြီး ရောင်းအားမြှင့်ရန် ကြိုးစားကြသလို အရောင်းမြှင့်တင်ရေး အစီအစဉ်များကိုလည်း စျေးကွက်အတွင်း အပြိုင်အဆိုင် လုပ်ဆောင်လာကြကြောင်း သိရသည်။

 

အချိုရည်လုပ်ငန်များအနေနှင့် ရောင်းအားများ မြင့်တက်လာသည်နှင့်အမျှ စားသုံးသူများ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းရေးအတွက်လည်း အာမခံချက်ရှိစေရန် အစဉ်အမြဲ ဂရုတစိုက် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ပူပြင်းသောရာသီတွင် စားသုံးသူအများစုသည် အချိုရည်အမှတ်တံဆိပ် တစ်မျိုးတည်းကို စွဲသောက်ကြခြင်း မဟုတ်ဘဲ အပူဒဏ်သက်သာစေရန် ရည်ရွယ်ချက်ဖြင့်သာ အဆင်ပြေရာကို ၀ယ်ယူ သောက်သုံးလေ့ရှိကြကြောင်း သိရသည်။

 

myotaw.news

Read times
Rate this item
(0 votes)