Fruits & Vegetables
ရေနံချောင်း၌ ခရမ်းချဉ်သီးစျေးနှုန်း ထက်ဝက်ခန့်စျေးကျတဲ့အတွက် အရောင်းအဝယ်ပိုနေ
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မစျေးကြီးနှင့် ပျံကျစျေးတို့တွင် ခရမ်းချဉ်သီးစျေးနှုန်း ယခင် တစ်ပတ်ထက်
ထက်ဝက်ခန့်စျေးကျတဲ့အတွက် အရောင်းအဝယ် ပိုသွက်လျက်ရှိသည်။
"ယခင်တစ်ပတ်က ရေနံချောင်းမြို့၌ ခရမ်းချဉ်သီးတစ်ပိဿာကျပ် ၂၀၀၀ ကနေကျပ် ၂၄၀၀ ရှိပြီး အရောင်းအဝယ်မှာလည်း ဆယ်ငါးပိသာဝန်းကျင်ရောင်းရတယ်။ ပုံမှန်ရောင်းအားမှာ ပိသာ သုံးဆယ် ဝန်းကျင်ရှိကြောင်း အရောင်းအဝယ်ပါးတယ်။ ပုံမှန်တစ်ပိဿာဝယ်သူတစ်ဦး ငါးဆယ်သားဝယ်တာမျိုး ပဲရှိတယ်"
"ယခုတစ်ပတ်မှာ ခရမ်းချဉ်သီးတစ်ပိဿာကျပ် ၁၀၀၀။ ကျပ် ၁၂၀၀ ဝန်းကျင်သာရှိပြီး စျေးနှုန်းကျသွားတဲ့ အတွက် အရောင်းအဝယ်ကောင်းလာတယ်ဟု ပျံကျစျေးမှ ခရမ်းချဉ်သီးရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောပါသည်။ ကျွန်မတို့ယခင် တစ်ပတ်မှာ ခရမ်းချဉ်သီးတစ်ပိဿာကျပ် ၂၀၀၀ ဝန်းကျင်ဝယ်ရတယ်။ ခရမ်းချဉ် လျှော့သုံးရတာ။ လက်ရှိ ခရမ်းချဉ်သီး တစ်ပိဿာကျပ် ၁၀၀၀၊ ကျပ် ၁၂၀၀ ဝန်းကျင်သာရှိတော့တယ်။ စားသုံးသူအတွက် အဆင်ပြေသွားတာပေါ့" ဟု ရေနံချောင်းမြို့မှ အိမ်ရှင်မတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိ ခရမ်းချဉ်သီးမှာ အသစ်ဝင်ရောက်မှုများသောကြောင့် စျေးနှုန်းကျလာခြင်းဖြစ်သည်ဟု ခရမ်းချဉ်သီး ရောင်းဝယ်သူများထံမှ သိရသည်။
By Myanmar Food Guide