Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များတွင် သား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချခြင်းအစီအစဉ်အား ယမန်နေ့မှစ၍ စတင်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ရောင်းချစေနိုင်ရေး၊ စားသုံးသူများ အလိုရှိသော စားသောက်ကုန်များ ရရှိစေနိုင်ရေး၊ ပိုမိုအဆင်ပြေစေရေးတို့နှင့်စပ်လျဉ်း၍ ၂၆.၁၀.၂၀၂၀ တွင် ဆွေးနွေးခဲ့ကြပြီး

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး၊ အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်း၊ အသင်းချုပ်တွဲဖက်ဘဏ္ဍာရေးမှူး ဦးဆန်းလင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုအရ မြို့နေပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး၊ ဈေးများသို့သွားရောက်ဝယ်ယူရခြင်းမရှိသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှုမှ အထိုက်အလျောက်ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သားငါးစားသောက်ကုန်များအား မိမိတို့ရပ်ကွက်အတွင်းတွင် ဝယ်ယူရရှိစေနိုင်ရေးတို့ကို ရည်ရွယ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့မှကြီးမှူး၍ ညီနောင်အသင်းများမှ မြို့နယ်ရပ်ကွက်များသို့အရောက် လှည့်လည်ဈေးရောင်းခြင်းအစီအစဉ်အား ၂၆.၁၀.၂၀၂၀ မှစတင်ခဲ့ခြင်းဖြစ်သည်။

 

ရန်ကင်း၊ ကျောက်မြောင်း၊ တာမွေ၊ မြောက်ဒဂုံ စသည့်မြို့နယ်များအတွင်းရှိ လမ်းမကျယ်များပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးတို့၏ စီမံခန့်ခွဲမှုဖြင့် ရောင်းချခဲ့ပြီး ဝယ်ယူအားပေးသူများပြားခဲ့သည်။ ဝယ်ယူရရှိနိုင်သော စားသောက်ကုန်များမှာ ကြက်သား (CP) ၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုပ်ပိုးပြီး ရေချို/ ရေငံ ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ ၊ ဟင်းသီးဟင်းရွက်မျိုးစုံတို့ဖြစ်ပြီး သက်သာသောဈေးနှုန်းများဖြင့် နေ့စဉ် ဈေးကားနှင့်လှည့်လည်ရောင်းချပေးသွားမည်ဖြစ်သည်။

 

ကုန်သည်စက်မှုအသင်းချုပ်

Read times Last modified on Tuesday, 27 October 2020 12:03
Rate this item
(0 votes)