Fruits & Vegetables



ထိုင်းဒူရင်း ကြီးစိုးထားသည့် တရုတ်နိုင်ငံသို့ ဗီယက်နမ်ဒူရင်း တင်ပို့မှု မြှင့်တင်

ထိုင်းဒူရင်း ကြီးစိုးထားသည့် တရုတ်နိုင်ငံသို့ ဗီယက်နမ်ဒူရင်း တင်ပို့မှု မြှင့်တင်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံသည် ဒူးရင်းသီးများ အမေရိကန်ဒေါ်လာ ၈၇၆ သန်းဖိုး တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈၃၅ သန်းသည် တရုတ်ပြည်သို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

ဒူးရင်းသည် တရုတ်နိုင်ငံ၏ လူလတ်တန်းစားများအတွက် အနှစ်သက်ဆုံး အပူပိုင်း‌ေဒသ အရှေ့တောင်အာရှထွက် အသီးဖြစ်နေပြီး အရှေ့တောင်အာရှမှ တင်ပို့သော ဒူရင်းသီးများတွင် ၉၉% သည် ထိုင်းနိုင်ငံမှ တင်ပို့ခြင်း ဖြစ်သည်။

ဗီယက်နမ်သည် တရုတ်နိုင်ငံသို့ ကုန်ကျစရိတ် သက်သာသော  နယ်စပ် တင်ပို့မှုဖြင့် ဒူးရင်းတင်ပို့မှုကို တိုးမြှင့်လျက်ရှိသည်။

 

လွန်ခဲ့သည့်တစ်နှစ်က ဗီယက်နမ်ဒူရင်း တင်ပို့မှုကို တရုတ်နိုင်ငံက နယ်စပ်ဂိတ်များတွင် လွယ်ကူမြန်ဆန်အောင် စီစဉ်ပေးခဲ့ပြီးချိန်မှစ၍ ဗီယက်နမ်ဒူရင်း တင်ပို့မှု မြင့်တက်သွားသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံသည် ဒူးရင်းကို အမေရိကန်ဒေါ်လာ ၈၇၆ သန်းဖိုး တင်ပို့ခဲ့ရာ၌ ကန်ဒေါ်လာ ၈၃၅ သန်းဖိုးသည် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

 

နယ်ခြားမှတစ်ဆင့် ထရပ်ကားများဖြင့် တိုက်ရိုက်တင်ပို့ခြင်းသည် ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့် တင်ပို့ခြင်းထက် စရိတ်စက သက်သာသည်။ သို့ဖြစ်ရာ ဗီယက်နမ်ဒူရင်း လက်လီရောင်းဈေး သက်သာနေစေသည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမှ စီးပွားရေးအကြံပေးကုမ္ပဏီ Mazars မှ Jack Nguyen က "ဗီယက်နမ်ဒူရင်းက ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်" ဟု ပြောကြားသည်။

 

ထိပ်တန်းဗီယက်နမ်ဒူးရင်းသည် တရုတ်နိုင်ငံတွင် တစ်ကီလိုလျှင်  ၄ ဒေါ်လာဝန်းကျင်ဖြင့် ရောင်းချသည်။

 

အခြားအရှေ့တောင်အာရှနိုင်ငံများမှ ဒူးရင်းများကို တစ်ကီလိုလျှင် ၁၀ ဒေါ်လာနှင့်အထက်ဖြင့် ရောင်းချသည်။

 

Source SCMP 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Monday, 18 September 2023 18:33
Rate this item
(0 votes)