Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေးပို့ကုန် ကုမ္ပဏီများပူးပေါင်းကာ နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ကုန်စိမ်းသီးနှံများ တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်

စိုက်ပျိုးရေးပို့ကုန် ကုမ္ပဏီများပူးပေါင်းကာ နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ ကုန်စိမ်းသီးနှံများ တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း

MyanFresh Holdings Limited မှ သိရသည်။

မြန်မာနိုင်ငံရှိ သီးနှံပို့ကုန်မ္ပဏီများစုပေါင်းထားသည့် MyanFresh Holdings Limited မှ တင်ပို့ခွင့် မှတ်ပုံတင်ပြုလုပ်ထားပြီဖြစ်ကာ စင်္ကာပူ၊ ဉရောပစသည့် နိုင်ငံများသို့တင်ပို့နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

‘ကုမ္ပဏီ ၁၂ ခု ပထမအဆင့်အနေနဲ့ပူးပေါင်းပြီး ဒေသအလိုက် သီးနှံထွက်ကုန်တွေကို ဈေးကွက်ရှာဖွေ တင်ပို့သွားပါမယ်။ ပို့ကုန်သီးနှံတွေကို ရိတ်သိမ်းချိန်လွန်နည်းပညာတွေ အသုံးပြု ဆောင်ရွက်သွားပါမယ်။ တစ်ဦးတစ်ယောက်တည်းနဲ့မလုပ်နိုင်တော့ အားလုံးစုပေါင်း အင်အားနဲ့ ကမ္ဘာဈေးကွက်ကို သီးနှံတွေ တင်ပို့သွားနိုင်ဖို့ ရည်ရွယ်ပါတယ်’ဟု MyanFresh Hodings Limited မှ ဒါရိုက်တာ ဦးဆန်းလင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း ၊ နှမ်းနှင့် ကုန်ခြောက်များကို တင်ပို့မှုများသော်လည်း ကုန်စိမ်းသီးနှံအစိုတင်ပို့မှု နည်းပါးနေသေးကြောင်း သိရသည်။ သီးနှံများ နိုင်ငံတကာဈေးကွက်သို့ စဉ်ဆက်မပြတ်တင်ပို့နိုင်ပါက မြန်မာ့တောင်သူများ ဝင်ငွေမြင့်မားလာမည် ဖြစ်သည်။ ယနေ့အချိန်အထိ ပြည်ပသို့ တင်ပို့သည့် သီးနှံများမှာ ထောပတ်၊ စိန်တလုံး၊ ဖရဲ၊ ငရုတ် စသည့် သီးနှံများသာ တင်ပို့မှုရှိကြောင်း သိရသည်။

MDN

Read times
Rate this item
(0 votes)