Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အရည်အသွေးမြင့် စားသုံးဆီ ပြည်ပမှ တင်သွင်းနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်လို

ပြည်တွင်း စားသုံးမှုပမာဏ ဖူလုံဖို့စားသုံးဆီကို ပြည်ပကတင်သွင်း ရာမှာ အရည်အသွေးမြင့် စားသုံးဆီတင်သွင်းနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏(၂၈) ကြိမ်မြောက် အသင်းသားနှစ်ပတ်လည် စုံညီအစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဦးသန်းမြင့် က ပြောသည်။

 

ပြည်တွင်းဆီ စားသုံးမှုပမာဏက တစ်နှစ်ကို တန်ချိန် ဆယ်သိန်း ခန့်ရှိပြီး ပြည်တွင်း ဆီထုတ်လုပ်မှုက တန်ချိန် လေးသိန်း ခန့်သာရှိတဲ့ အတွက် ပြည်တွင်းဆီ စားသုံးမှု ဖူလုံဖို့ နှစ်စဉ် ဆီတန်ချိန် (၆) သိန်းကနေ (၇) သိန်းကြား တင်သွင်းနေရကြောင့် အရည်အသွေးပြည့်မှီတဲ့ ဆီကို တင်သွင်းဖို့လိုပါတယ်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးသန်းမြင့်က ပြောသည်။

 

ပြည်တွင်း ဆီထုတ်လုပ်မှု ကဏ္ဍတွင်တိုးတက်လာစေရန် သက်ဆိုင်ရာ အသင်း အဖွဲ့ အသီးသီး အပါဝင် အစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်ချက်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

ကိုဗစ်ကာလအတွင်းမှာလည်း စားသုံးဆီဈေး မြင့်တက်မှု မရှိစေရေး အတွက် ဆီတွေကို လိုအပ်သလောက် ကြိုတင် သိုလှောင်ထားနိုင်ခဲ့တယ်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဉီးဆန်းလင်းက ပြောသည်။

 

ပိုမို ကောင်းမွန်သည့် အရည်အသွေးပြည့်ဆီ တင်သွင်းနိုင်ရေး အတွက် လည်း လက်ရှိတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များ အပါဝင် ညီနောင် အသင်းအဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်းသိရသည်။

 

ကိုဗစ် ဒုတိယလှိုင်း ကာလ အတွင်းတွင် စားသုံးဆီဈေး မတည်ငြိမ်မှု မဖြစ်ပေါ်စေရေး အရံဆီတန်ချိန် (၁၂၀၀၀) ကျော် ဝယ်ယူထားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အသီးသီး၏ ဆီလှောင်ကန်များတွင် ဖြန့်ဖြူးပေးထားကြောင်း သိရသည်။

 

မြန်မာတစ်နိုင်ငံလုံး စားသုံးဆီဖူလုံရေး အတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ က တင်သွင်းနေပြီး စဉ်ဆက်မပြတ် ဝင်ရောကလာရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းဆီထုတ်လုပ်မှု အဆင့်မြင့်တက်လာရန်နှင့် ပြည်ပမှ စားသုံးဆီ တင်သွင်းရာမှာ ကျန်းမာရေးနှင့် ကိုက်ညီသည့်အရည်အသွေးမြင့် စားသုံးဆီ တင်သွင်းနိုင်ရေး မူဝါဒတွေ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

 

ပြည်သူများ ဆီစားသုံးမှု နှင့် ပတ်သတ်ပြီး အသိပညာပေး အစီစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင် တင်သွင်းလာသည့် စားသုံးရန် မသင့်တော်သည့် ဆီများအား အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သည်။

Read times Last modified on Monday, 14 December 2020 22:45
Rate this item
(0 votes)