Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


လေကြောင်းဖြင့် တင်နေသော ကုန်များ ရေကြောင်း ပြောင်းတင်ရာ အခက်အခဲတွေတွေ့

အခုအချိန်မှာ လက်တင် အမေရိကမှာ သရက်သီးပေါ်ချိန်ဖြစ်ပြီး၊ ယခင် လေကြောင်းဖြင့် ကမ္ဘာ့ ဈေးကွက် ကို ဖြန့်ခဲ့သော်လည်း၊ ကိုဗစ်ကြောင့် ဒေသတွင်း ထိခိုက်မှုများကလည်း ပြင်းထန်ပြီး လေကြောင်း ကုန်စည်ခများ ဈေးကြီးသဖြင့် ယခုနှစ်တွင် ရေကြောင်းဖြင့် ဈေးကွက်ကို ဖြန့်ဖို့ ကြိုးစားလာသော်လည်း အခက်အခဲများစွာတွေ့နေရပါ Avian Cargo မှာ ပြောကြားခဲ့ပါတယ်။

 

ပျက်စီးလွယ်သည့် ကုန်များကို ပုံမှန်ကုန်တင်လေယာဉ်ခထက် ၁၅-၂၀% အထိ .. သက်သာသော လူစီးလေယာဉ် ဖြင့် များသော အားဖြင့် တင်ဖို့ကြိုးစားကြောင်း Ceva Logistics ပြောကြားခဲ့ပါတယ်။ ဂျင်းစိမ်းများ၊ ငါးစိမ်းများကိုလည်း လေယာဉ်ဖြင့်တင်နေသော်လည်း၊ အအေးခန်းကုန်သေတ္တာ သုံး၍ ရေကြောင်းဖြင့် တင်ပို့ရန်ကြိုးစားလာပါတယ်။

 

ပီရူးမှ မီယာမီကို ကညွတ် ကုန်သေတ္တာ အလုံး ၁၀၀ ကျော် တင်နေသော်လည်း၊ လမ်းမှာ အအေးခန်းပျက်သည့် ပြသနာ၊ ဆိပ်ကမ်း မအားသည့်ပြသနာ၊ ကုန်သေတ္တာ ပြတ်လပ်သည့် ပြသနာ၊ အချိန်မှီမရောက်သဖြင့် မလပ်ဆပ်တော့သည့် ပြသနာများနှင့် ရင်ဆိုင်နေရတဲ့ အပြင် ရေကြောင်းကုန်စည်ခများမှာလည်း ၃၀% ခန့် ခုန်တက်ခဲ့ပါတယ်။

 

ပန်း တင်ပို့သည့် သူများကလည်း ရေကြောင်းလမ်းကို စမ်းပြီးပို့နေသော်လည်း၊ အခက်အခဲများတွေ့နေပါတယ်။ ချီလီမှ ချယ်ရီသီးများကို နှစ်စဉ် တရုတ်ပြည်မှ ကုန်သည်များက ရာသီပေါ်ချိန်တွင် လာရောက် ဈေးဖြတ်ဝယ်ယူသော်လည်း၊ ယခု အခါ ခရီးသွားပိတ်ပင်မှုကြောင့် မည်ရွေ့မည်မျှ ဝယ်မည်ကို ခန့်မှန်းမရ ဖြစ်နေကြပါတယ်။

 

လက်တင် အမေရိကမှ သစ်သီးဝလံ ပန်းမန် တင်ပို့မှုများမှာ ယခုနှစ်တွင် ၃၀-၃၅% ထိုးကျခဲ့ပြီး၊ သီးနှံစိုက် တောင်သူများ အနေဖြင့် အခက်အခဲများစွာကြုံတွေ့နေရသလို၊ ယခု ရောဂါကပ်ဘေးနှင့် ကပ်လိုက်လာသော စီးပွားပျက်ကပ်တွင် လွတ်လမ်း မမြင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။

 

နောက်ထပ် ကိုဗစ်ကြောင့် ဖြစ်နေသော Trend အသစ်မှာ စားသုံးသူများအနေဖြင့် ပို၍ လပ်ဆတ် ပြီး၊ ကျန်းမာရေးနှင့် ညီညွတ်သော သစ်သီးဝလံများကို ရွေးချယ်လာကြခြင်း၊ Online သုံး၍ ဝယ်ယူသဖြင့်.. လက်ကျန် မှန်းရန် ခက်ခြင်း၊ နိုင်ငံခြားမှ တင်သွင်းသည်ထက် ဒေသတွင်းထွက်ကုန်များကို ပိုအားပေးလာခြင်း စသည့်အချက်များကလည်း၊ လက်တင် အမေရိကမှ သစ်သီးဝလံ ဈေးကွက်ကို အကြီးအကျယ် ထိခိုက်စေပါတယ်။

 

Captain Win

Read times
Rate this item
(0 votes)