Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် GAP အထူးဇုန်များ ဖော်ဆောင်ကာ အသီးအနှံများ တိုးချဲ့စိုက်ပျိုး

ရှမ်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများသည် ပြည်တွင်းသာမက ပြည်ပသို့လည်း

တင်ပို့ရောင်းချနေသောကြောင့် စားသုံးသူများ ဘေးဥပဒ်ကင်းစေရေးအတွက် ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ဘေးဥပဒ်ကင်းပြီး စိတ်ချရသော ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်စေရန် ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင် GAP (Good Agricultural Practice) အထူးဇုန်များ ဖော်ဆောင်ကာ လက်ဖက်၊ နာနတ်၊ အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ စသည့်အသီး အနှံများကို တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
အဆိုပါ GAP အထူးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနများနှင့် စိုက်ပျိုးရေးအသင်းအဖွဲ့များမှလည်း ကူညီဆောင်ရွက်ကြပြီး စိုက်ခင်းများတွင် ရေစုဆောင်းထားရှိနည်း၊ ရေချွေတာသုံးစွဲနည်းနှင့် GAP စိုက်ပျိုးရေးနည်းစနစ်များ ပံ့ပိုးကူညီလျက်ရှိကြောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း တွင် ၂၀၁၆ ခုနှစ်မှစ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးစိုက်ပျိုးခြင်းကို စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အသီးအနှံအမျိုးအစားပေါင်း ၂၀ ခန့်အထိ GAP အသိအမှတ်ပြုလက်မှတ်များ ရရှိထားပြီဖြစ်ကြောင်း သိရသည်။

Good Agricultural Practice(GAP) နည်းစနစ်ဆိုသည်မှာ အသီးအနှံများကို မြေယာပြုပြင်ပြီး စိုက်ပျိုး ထုတ်လုပ်ခြင်းမှ စားသုံးသူများထံသို့ ရောက်ရှိသည်အထိ စိုက်ပျိုးထုတ်လုပ်မှု အဆင့်တိုင်းတွင် စားသုံးသူများ အတွက် ဘေးဥပဒ်ကင်းရှင်းစေရန် အဓိကထားဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် လမ်းညွှန်ချက်များကို အသုံးပြုဆောင်ရွက်သော နည်းစနစ်တစ်ခုဖြစ်သည်။

GAP နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းကို တောင်သူများအနေနှင့် အခက်အခဲမရှိဘဲ အလွယ်တကူ ဆောင်ရွက်နိုင်ပြီး လိုက်နာသင့်သော အချက်အလက်များနှင့် GAP Guideline များကိုသာ တိကျစွာ လိုက်နာ ဆောင်ရွက်ပါက အရည်အသွေးမြင့်သော အသီးအနှံများ စိုက်ပျိုးထွက်ရှိနိုင်ကြောင်း သိရသည်။

 

myotaw.news/

Read times
Rate this item
(0 votes)