Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း စားဆီစျေးနှုန်းများ မြင့်တက်

ပြည်တွင်း စားဆီစျေးနှုန်းများ မြင့်တက်

 

မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်တာ၊ သယ်ယူပို့ဆောင်ရေးခက်ခဲတာတွေကြောင့် ဈေးမြင့်တက်နေပြီးတော့ စားအုန်းဆီဟာ ပြည်တွင်းကထုတ်တဲ့ ပဲဆီစျေးနီးပါး ဖြစ်နေတယ်လို့ ရန်ကုန်မြို့ ကုန်မျိုးစုံ လက်လီရောင်းဝယ်သူတစ်ဦးကပြောပါတယ်။

"စျေးတွေကတက်တော့ မနက်စျေးနဲ့ ညနေစျေးမတူတဲ့တော့ဘူး၊ စားဆီကို ဆိုင်မှာရောင်းဖို့တောင် အခက်အခဲ ဖြစ်နေတယ် "လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက ဈေးမြင့်တက်နေသလို ပြည်တွင်းထုတ်လုပ်တဲ့ မြေပဲဆီ နှမ်းဆီတွေက လည်း ကုန်ကြမ်းကုန်ပြီး ကုန် အသစ် ထပ်မရသေးတဲ့ ကြားကာလဖြစ်နေတာကြောင့် ကုန်ကြမ်းရှားပါးတာတွေဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးပြတ်တောက်တာတွေများတာကြောင့် ဆီစက်တွေဟာ ပုံမှန်လည်ပတ်နိုင်ဖို့လည်း အခက်အခဲတွေရှိနေတယ်လို့ မုံရွာက ဆီစက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မုံရွာမှာလည်း ကုန်ကြမ်းရှားလို့ မြေပဲဆန်တွေစျေးတက်နေပြီးတော့ စားအုံးဆီ တပိသာစျေးက ၇၂၀၀ စျေးဖြစ်နေပြီးတော့ ပဲဆီက တပိသာ ၆၅၀၀ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင် ဆီကုန်သည်များအသင်းက မြို့အနှံမှာကိုယ်စားလှယ်တွေချပြီး သတ်မှတ်စျေးနဲ့ စားအုန်းဆီ တင်သွင်းရောင်းချဖို့ ချထားပေမဲ့ မုံရွာမြို့မှာ ရောင်းချတာမရှိကြောင်းလည်း မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်

ပြီးခဲ့တဲ့နှစ် မတ်လက စားအုန်းဆီတစ်ပိဿာကို ကျပ် ၂၀၀၀ ဝန်းကျင်သာရှိရာကနေ အခု နှစ်အတွင်း တစ်ပိဿာကို ၇၀၀၀ ကျော်အထိ ဖြစ်လာပါတယ်။ ဈေးကွက်မှာ လူသုံးများတဲ့ နေကြာဆီ၊ ပဲပိစပ်ဆီတွေမှာလည်း သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် တစ်လီတာ ဝန်းကျင် တစ်ဗူးကို ၃၀၀၀ ဝန်းကျင် ဈေးတက်နေပါတယ်။

အခုလို လျှပ်စစ်မီး မမှန်တာကြောင့်လည်း ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှုက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ဆီစက် ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

စားသုံးဆီဈေးတွေ မြင့်တက်နေသလို တစ်ဖက်မှာလည်း နေ့စဉ် ဆီအသုံးပြု ပြီး ဟင်းချက်နေရတဲ့ အိမ်ရှင်မတစ်ဦးက ဆီလျှော့ချသုံးရမယ့် အခြေအနေမှာရှိတယ်လို့ ပြောပါတယ်။

ရန်ကုန် ဈေးကွက်မှာ စားအုန်းဆီ တစ်ပိဿာကို ၇၂၀၀၊ ပဲဆီတစ်ပိဿာကို ၈၅၀၀ ဝန်းကျင် အထိရှိနေပြီး ပြည်ပက မှာယူရတဲ့ နေကြာဆီတို့ ပဲပိစပ်ဆီတို့ကလည်း တစ်ဘူးကို ၉၀၀၀ ဝန်းကျင်အထိ ရှိလာနေတဲ့အတွက် စားသုံးသူတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက် တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စားအုန်းဆီ တန်ချိန် ၆ သိန်းကနေ ရှစ်သိန်းအထိ ဒေါ်လာ သန်း ၅၀၀ ဖိုးခန့်နှစ်စဥ်တင်သွင်းလေ့ရှိပါတယ်။

စားအုန်းဆီ စျေး အဓိကတက်တာဟာ မြန်မာနိုင်ငံမှာလုပ်ငန်းသုံး နဲ့ အခြေခံ အများစု အသုံးများတာကြောင့်ဖြစ်တယ်လို့လည်း မုံရွာမြို့က လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဆီစက်အလုံးရေ ၃,၀၀၀ခန့် ရှိတဲ့အထဲက ဆီစက်အချို့သာ ထုတ်လုပ် လည်ပတ်နေပြီး အရင်က ပြည်ပကနေ တင်သွင်းလာတဲ့ စားအုန်းဆီတွေကို ရောနှောပြီး ရောင်းချမှုတွေ ရှိခဲ့ပါတယ်။

 

ဘီဘီစီသတင်း ကောက်နုတ်ချက်

Read times
Rate this item
(1 Vote)