Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရေတာရှည်မြို့ အမှတ်(၆) သကြားစက်ရုံက ကြံတန်ချိန် လေးသောင်းခန့် ဝယ်ယူမည်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အင်းပက်လက်ကျေးရွာအနီးရှိ အမှတ်(၆)သကြားစက်ရုံမှ

ယခုနှစ် ကြံရာသီတွင် လည်ပတ်ချိန် တစ်လတာကာလအတွင်း ကြံတန်ချိန် လေးသောင်းဝန်းကျင်သာ ဝယ်ယူသွားမည်ဖြစ်ကြောင်း စက်ရုံ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တစ်ရက်လျှင် ကြံတန်ချိန် ၁၄၀၀ ဝန်းကျင် ကြိတ်ဝါးလျက်ရှိပြီး ကြံတစ်တန်လျှင် စက်ရုံအရောက်စျေး ၄၂၀၀၀ ကျပ်ဖြင့် ဝယ်ယူခြင်းဖြစ်သည်။ ရေတာရှည်မြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများအနေဖြင့် မြို့လှ၊ ရေတာရှည်၊ အုတ်တွင်း၊ ဇေယျဝတီမြို့များရှိ သကြားစက်များသို့ သွားရောက်ရောင်းချကြ ပြီး ယခုနှစ် ကြံစျေးကွက်အနေအထားအရ ကြံခုတ်၊ ကြံတင်၊ သယ်ယူစရိတ်၊ အလုပ်သမားငှားရမ်းခများကို ပြန်နုတ်ပါက ကြံတစ်တန်လျှင် ကျပ် ၂၂၀၀၀ ရရှိ သဖြင့် တွက်ခြေကိုက်အဆင်ပြေကြကြောင်း တောင်သူများက ပြောသည်။
သကြားစက်ရုံလည်ပတ်စဉ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စည်းကမ်း ချက်များကို တိကျစွာ လိုက်နာစေရေးအတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်၊ စက်ရုံမှူး ဦးစိန်လှိုင်၊ လက်ထောက်စက်ရုံ မှူး ဦးတင်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် စက်ရုံ ကြံတင် ယာဉ်မောင်းများအနေဖြင့် နှာခေါင်းစည်းမဖြစ်မနေဝတ်ဆင်ရေး၊ စက်ရုံအတွင်း ရှိ ဝန်ထမ်းများအတွက် ကျန်းမာရေးနှင့်သက်ဆိုင်သော အကာအကွယ်များ ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

The Mirror Daily

Read times
Rate this item
(0 votes)