Fruits & Vegetables



၂၀၂၂ တွင် အီဂျစ်အာလူး အရှေ့တောင်အာရှသို့ စံချိန်တင် တင်ပိုခဲ့

၂၀၂၂ တွင် အီဂျစ်အာလူး အရှေ့တောင်အာရှသို့ စံချိန်တင် တင်ပိုခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂ ခုနှစ်တွင် အီဂျစ်သည် အရှေ့တောင်အာရှနိုင်ငံများသို့ အာလူးပမာဏ စံချိန်တင် တင်ပို့ခဲ့သည်ဟု EastFruit က သတင်းဖော်ပြသည်။

.

ပြီးခဲ့သောနှစ်တွင် အီဂျစ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများသို့ အာလူးတန်ချိန် ၁၇,၀၀၀ ကျော် တင်ပို့ခဲ့ပြီး၊၂၀၂၁ တင်ပို့သည့်တန်ချိန်၏ ၁၂၀% ကို တင်ပို့ခဲ့သည်။ ၂၀၂၀ ထက် ၁၈ ဆကျော် တင်ပို့ခဲ့သည်။

အင်ဒိုနီးရှားသို့ အများဆုံး တင်ပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်ထက် ၂ ဆ ကျော် တင်ပို့ခဲ့သည်။

အင်ဒိုနီးရှားသည် အရှေ့တောင်အာရှဒေသတွင် အာလူးအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ သို့သော် နှစ်စဉ် အာလူးတန်ချိန် ၄ သောင်းမှ ၈ သောင်းအထိ တင်သွင်းသည်။

.

မလေးရှားသို့ အီဂျစ်အာလူး တင်ပို့သည့် ပမာဏ သိသိသာသာ လျော့ကျခဲ့သည်။

.

အီဂျစ်အာလူးကို ရုရှားသို့ အများဆုံး၊ အီးယူသို့ ဒုတိယအများဆုံး၊ ပင်လယ်ကွေ့ အာရပ်နိုင်ငံများသို့ တတိယအများဆုံး တင်ပို့ခဲ့သည်။ အရှေ့တောင်အာရှသို့ စတုတ္ထအများဆုံး တင်ပို့ခဲ့သည်။

ပုံမှန်အားဖြင့် အီဂျစ်အာလူးကို နွေဦး-နွေရာသီ တွင်တင်ပို့ခဲ့သည်။ ယမန်နှစ်က အောက်တိုဘာလတွင်လည်း တင်ပို့ခဲ့သဖြင့် စံချိန်တင် များပြားသွားခဲ့ခြင်း ဖြစ်သည်။

 

အီဂျစ်အာလူး အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ခဲ့သည့် နှစ်အလိုက် နှင့် လအလိုက် (တန်ချိန် ထောင်ပေါင်း)

 

 photo_2023-04-09_09-46-44.jpg

.

စုစုပေါင်း လတ်ဆတ်အာလူး တန်ချိန် ၄၅၀,၀၀၀ အထိ အရှေ့တောင်အာရှ ဒေသသို့ တင်ပို့သည်။ ထို့ပြင် အေးခဲထားသော အာလူးကြော်များကိုလည်း တင်ပို့သည်။

.

၎င်းတန်ချိန်စုစုပေါင်း၏ သုံးပုံနှစ်ပုံကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့က တင်ပို့ကြသည်။ ၎င်းအာလူးများကို များသောအားဖြင့် ဈေးများတွင် ရောင်းချကြသည်။

.

ကျန်သည့် သုံးပုံတစ်ပုံမှာ အရည်အသွေး မြင့်မားသည့် အာလူးများ ဖြစ်ပြီး ဥရောပနိုင်ငံများ၊ အဓိကအားဖြင့် ဂျာမနီနိုင်ငံမှ အရှေ့တောင်အာရှ ဒေသသို့ တင်ပို့သည်။ ထို့ပြင် မြောက်အမေရိက၊ ဩစတေးလျနှင့် အီဂျစ်တို့မှလည်း တင်ပို့သည်။ ၎င်းအာလူးများကို စူပါမားကက်များတွင် ရောင်းချကြသည်။ အရည်အသွေး မြင့်သည့် အာလူးဖြင့် ထုတ်လုပ်ရသည့် စားသောက်ကုန်များတွင်လည်း သုံးစွဲသည်။

 

Source eastfruit

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 09 April 2023 09:52
Rate this item
(0 votes)