Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးအမိုင်နိုရွက်ဖျန်းမြေဩဇာနှင့် နွားချေးဘိုကာရှီမြေဆွေးကြောင့် ခရမ်းချဉ်သီး ထွက်နှုန်းတိုး

ဘုတလင်မြို့နယ်တွင် ငါးအမိုင်နိုရွက်ဖျန်းမြေဩဇာနှင့် နွားချေးဘိုကာရှီမြေဆွေးတို့ဖြင့် စိုက်ပျိုးသည့်

ခရမ်းချဉ်သီးများ ပုံမှန်အထွက်နှုန်းထက် ပိုမိုထွက်ရှိကြောင်း တွေ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အုတ်အိုင်ကျေးရွာရှိ တောင်သူ ဦးငွေထွန်း၏ ခရမ်းချဉ်စိုက်ခင်းကို သဘာဝအားဆေးဖြစ်သည့် ငါးအမိုင်နိုရွက်ဖျန်းမြေဩဇာနှင့် နွားချေးဘိုကာရှီမြေဆွေးတို့ဖြင့် အသုံးပြုစိုက်ပျိုးရာ ပုံမှန်အထွက်နှုန်းထက် ခရမ်းချဉ်သီးများ ပိုမိုထွက်ရှိကြောင်း သိရသည်။
ခရမ်းချဉ်ပင်ကို ပျိုးသက် ၁၇ ရက်သားတွင် နွားချေးဘိုကာရှီမြေဆွေးကို မြေခံထား၍ ရေသွင်းစိုက်ပျိုးကာ စိုက်ပြီးတစ်ပတ်အကြာတွင် ငါးအမိုင်နိုရွက်ဖျန်းမြေဩဇာကို စတင်ဖျန်းပေးပြီး လက်ရှိ အပင်သက်တမ်း သုံးလအထိ ငါးအမိုင်နိုရွက်ဖျန်းမြေဩဇာကို ၁၀ ရက်လျှင် တစ်ကြိမ် ဖျန်းပေးရသည်။
“ခရမ်းချဉ်ကို မြှားနီး ၀၆၇ မျိုး အပင် ၂၄၀၀ စိုက်ပျိုးထားပါတယ်။ နွားချေးဘိုကာရှီမြေဆွေးနဲ့ ငါးအမိုနိုရွက်ဖျန်းမြေဩဇာကို သုံးတာ အသီးအထွက်နှုန်းက အရင်နှစ်တွေထက် ထက်ဝက်မက ပိုကောင်းလာပါတယ်။ အရင်နှစ်က လက်ရှိအပင်သက်တမ်းကို တစ်ကြိမ်ခူးရင် ပိဿာ ၄၀ ကျော်၊ ၅၀ လောက်ပဲ ရခဲ့ပါတယ်။ ဒီနှစ်တော့ ခရမ်းချဉ်သီး တစ်ကြိမ်ခူးရင် ပိဿာ ၂၀၀ ကျော်၊ ၃၀၀ လောက်အထိ ရပါတယ်။ ခရမ်းချဉ်က အပင်သက်တမ်း ၆ လကျော်အထိ ထားနိုင်တော့ နောက်ဆိုရင် ပိဿာ ၅၀၀ ကျော်အထိ ခူးရလိမ့်မယ်လို့ မှန်းထားပါတယ်” ဟု ခရမ်းချဉ်စိုက်တောင်သူ ဦးငွေထွန်းက ပြောသည်။
ငါးအမိုင်နိုရွက်ဖျန်းမြေဩဇာကို ငါးလေးပေါက်စမျိုးစုံ တစ်ဆ၊ သကာရည် တစ်ဆနှင့် အသင့်သုံး အကျိုးပြုအဏုဇီဝပိုးမွှားရည် (EM) တို့ကို ရောနှောမွှေထားပြီး ၄၅ ရက်ကြာလျှင် အသုံးပြုနိုင်ကြောင်း၊ ငါးအမိုင်နိုသဘာဝအားဆေးသည် အပင်ရောဂါ ခုခံနိုင်မှုနှင့် အသီးအထွက်နှုန်းကို အားကောင်းစေပြီး သွင်းအားစု ကုန်ကျစရိတ်လည်း သက်သာစေသည့်အတွက် တောင်သူများအနေဖြင့် ငါးအမိုင်နိုရွက်ဖျန်းမြေဩဇာနှင့် ဘိုကာရှီမြေဆွေးတို့ကို အသုံးပြုသင့်ကြောင်း မြို့နယ်တောင်သူလယ်သမားအစုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၏ ပြောပြချက်အရ သိရသည်။
MDN

Read times
Rate this item
(0 votes)