Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဆောင်းသီးနှံ ရေဆင်း(၁)စပ်မျိုးနေကြာ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ဆောင်းသီးနှံ ရေဆင်း(၁) စပ်မျိုးနေကြာ

စိုက်ပျိုးလျက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်သီးညှပ် ပုံစံအမျိုးမျိုးဖြင့် ရာသီမရွေး မျိုးစေ့ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီတွင် မေလနှင့် ဇွန်လများတွင်လည်းကောင်း၊ ဆောင်းရာသီတွင် စက်တင်ဘာလနှင့်အောက်တိုဘာလ များတွင်လည်းကောင်း စိုက်ပျိုးနိုင်ပြီး ရေဆင်း(၁) စပ်မျိုးနေကြာသည် အထွက်နှုန်းကောင်းကာ ရွက်ခြောက်ရောဂါဒဏ်ခံနိုင်ကြောင်း သိရသည်။

ထီးလင်းမြို့နယ်တွင် ရေဆင်း(၁) စပ်မျိုးနေကြာကို တောင်သူများက အများဆုံးစိုက်ပျိုးလျက်ရှိပြီး ဆောင်းနေကြာ စုစုပေါင်း စိုက်ဧက (၁၉၈)ဧကရှိကာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း တင်း(၄၀)မှ (၅၀)တင်းအထိထွက်ရှိကြောင်းနှင့် နေကြာတစ်တင်းလျှင် ဆီ (၄)ပိဿာ ခန့်ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
myotaw.news

Read times
Rate this item
(0 votes)