Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


လာမည့်နှစ်တွင် ထောပတ်သီး စိုက်ပျိုးဧက တစ်သောင်းခန့် တိုးချဲ့စိုက်ပျိုးမည်

ပြည်တွင်း၌ စိုက်ပျိုးနေသည့် ထောပတ်သီးကို  ပြည်ပနိုင်ငံများသို့  တင်ပို့နိုင်ရန် လာမည့်နှစ်တွင် ဧကတစ်သောင်းခန့် တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း

မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရပါတယ်။

 

''လောလောဆယ်မှာ  မြန်မာနိုင်ငံကနေ ပြည်ပကို ထောပတ်သီး မတင်ပို့နိုင်သေးပါဘူး။ ဒါကြောင့် ပြည်ပကို တင်ပို့နိုင်ဖို့ စိုက်ပျိုးဧကတွေ တိုးချဲ့တာပါ။  ပြည်ပကို  တင်ပို့ဖို့ ထောပတ်သီး မျိုးကောင်းတွေကိုပဲ ကိုင်းကူးစနစ်နဲ့ စိုက်ပျိုးမှာပါ'' ဟု ၎င်းကပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ထောပတ်သီးစိုက်ဧက နှစ်သောင်းကျော်ရှိပြီး လာမည့်နှစ်တွင် ဧကတစ်သောင်းခန့် ထပ်မံစိုက်ပျိုးကာ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမည် ဖြစ်ပါတယ်။

 

ယခင်က ပြည်တွင်းမှ ထောပတ်သီးကို ပြည်ပသို့တင်ပို့ခြင်း မရှိဘဲ တင်ပို့ရန် အခက်အခဲများ ရှိခဲ့သည်။ သို့သော် ယခုအခါ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့မည်ဖြစ်၍ ပြည်ပမှထောပတ်သီး မျိုးကောင်းများကို ဝယ်ယူလျက်ရှိပါတယ်။

 

''မြန်မာ့ထောပတ်သီးက ကောင်းတယ်။ ဒါပေမဲ့ ပြည်ပဈေးကွက်ကို မထိုးဖောက်ခဲ့ဘူး။ အခု ပြည်ပမှာ ဝယ်လိုအားကောင်းနေတဲ့ မျိုးကောင်းတွေနဲ့အတူ ပြည်တွင်း ထောပတ်သီး ကိုလည်း တင်ပို့ရောင်းချမယ်။ အခုမှစလုပ်မှာဆိုတော့ ထောပတ်သီး ရဖို့က သုံးနှစ်လောက်တော့ ကြာဦးမယ်'' ဟု  ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင် အာရှနိုင်ငံများက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ထောပတ်သီးများကို ဝယ်ယူရန်  ကမ်းလှမ်းထားကြောင်းနှင့် ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၌ အများဆုံးစိုက်ပျိုးပြီး လက်ရှိ ပြည်တွင်း ဈေးကွက်၌   ထောပတ်သီး တစ်လုံးလျှင် ငွေကျပ် ၅ဝဝ ခန့်ရှိကြောင်း သိရပါတယ်။

 

Source: Myawady

Read times
Rate this item
(5 votes)