Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ ဆေးဖြန်း ဒရုန်း အကြောင်းသိကောင်းစရာ

မုံရွာမြို့အခြေစိုက် UNIQCO ကုမ္ပဏီက ခေတ်မီ နည်းပညာများကို ကျေးလက်နေ ပြည်သူများသိရှိ အသုံးပြု နိုင်ကာ လုပ်သား ရှားပါးမှု အခက်အခဲဖြေလျှော့နိုင်ရန်အတွက် အဆိုပါ ဒရုန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

 

အဆိုပါ ဒရုန်းထုတ်လုပ်တဲ့ လုပ်ငန်းစုမှ UNIQCOကုမ္ပဏီ ပိုင်ရှင် ဦးမျိုးသန့် ဦးဆောင်၍ ကုမ္ပဏီဝန်ထမ်းများသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးဒေသများရှိ ဒေသခံတောင်သူများ၏ လယ်ယာ လုပ်သား ရှားပါးမှု အခက်အခဲများ၊ နည်းပညာ အခက်အခဲ များကို တောင်သူ အကျိုးပြု ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

အဆိုပါ ဒရုန်းထုတ်လုပ်မှု နည်းပညာကို တရုတ်နိုင်ငံက လုပ်ငန်းစုတွေ စီမှ လေ့လာထားတာဖြစ်ပြီး စျေးကွက် ထဲဖြန့်ချီထားပြီ သိရပါတယ်။လယ်ရာမြေတွေ မှာ ဒရုန်း အသုံးပြုပြီး ပိုးသပ်ဆေး ဖြန်းမယ်ဆိုပါစို့ သူ့ရရှိနိုင်တဲ့ အကျိုးအမြတ်ကို UNIQCOကုမ္ပဏီ ပိုင်ရှင် ဦးမျိုးသန့် က ပြောကြား ခဲ့ပါတယ်။

 

ဦး မျိုးသန့်ပြောကြားခဲ့သော အချက်များမှာ - အဆိုပါ ဒရုန်းကို အသုံးပြုခြင်းဖြင့် (၁) လုပ်အားခ သက်သာ နိုင်မယ် ( ၂ ) ပိုးသတ်ဆေး အသုံးပြုမှု ပမာဏကို လျော့ကျသွားနိုင်မယ် ( ၃ ) ဒရုန်းအသုံးပြုခြင်းကြောင့် ဘယ်နှစ်ရက်ကြာမှာ ဘယ်လို ပိုးသတ်ဆေး ဖြုန်းတယ်ဆိုတာကို နိုင်ငံတကာကိုရောင်းတဲ့ အခါမှာ တိကျနေပါလိမ့်မယ်။

 

မြန်မာနိုင်ငံမှာပဲ ယင်း ဒရုန်းကို တပ်ဆင်သွားမှာ ဖြစ်ပြီး လိုအပ်တဲ့ နည်းပညာ များအတွက် တရုပ်နိုင်ငံ မှ အကူအညီတောင်းထားတယ်သိရပါတယ်။လက်မှုလယ်ယာကနေ လက်မှုလယ်ယာ ကို ပြောင်းမှာ ဖြစ်တာမို့ တဖြေးဖြေးခြင်းလုပ်ယူ ရမှာပါ ဆိုကာပြောကြားထားပါတယ်။

 

မုံရွာမြို့အခြေစိုက် UNIQCO ကုမ္ပဏီက ခေတ်မီ နည်းပညာများကို ကျေးလက်နေ ပြည်သူများသိရှိ အသုံးပြု နိုင်ကာ လုပ်သား ရှားပါးမှု အခက်အခဲဖြေလျှော့နိုင်ရန်အတွက်သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ် အတွင်းဆေးဖျန်း ဒရုန်းဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။ ဆေးဖျန်းဒရုန်း သရုပ်ပြပွဲတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဆေးဖျန်းဒရုန်း အသုံးပြုခြင်းကြောင့် ဆေးကုန်ကျ စရိတ်သက်သာ စေခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးခြင်း၊ ဆေးဖျန်းချိန်တွင် လုပ်သား ရှာမရ၍ သီးနှံဆုံးရှုံး မှုရှိခြင်းများ အထောက်အကူ ဖြစ်စေ နိုင်မည်ဖြစ်ကြောင်း UNIQCO ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

Myanmar Food Guide 

Read times Last modified on Tuesday, 29 December 2020 16:50
Rate this item
(0 votes)