Fruits & Vegetables



မလေးရှား ဟင်းချက်ဆီများ ထိုင်းသို့ တရားမဝင် တင်သွင်းနေဆဲ

မလေးရှား ဟင်းချက်ဆီများ ထိုင်းသို့ တရားမဝင် တင်သွင်းနေဆဲ


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မလေးရှား အစိုးရက ဈေးသက်သာအောင် ထောက်ပံ့ပေးထားသဖြင့် ထိုင်းနိုင်ငံထက် မလေးရှားမှာ ဈေးသက်သာနေခြင်းကြောင့် မလေးရှား ဟင်းချက်ဆီများကို ထိုင်းနိုင်ငံသို့ နယ်စပ်မှတဆင့် တရားမဝင် တင်သွင်းကြသည်။

 

မလေးရှားနိုင်ငံမှ အစိုးရ ထောက်ပံ့ထားသဖြင့် ဈေးသက်သာနေသော ဟင်းချက်ဆီ ဘူးများနှင့်  ၁ ကီလိုဂရမ် ပလတ်စတစ်အိတ်များ နှစ်မျိုးလုံးသည် ထိုင်းနိုင်ငံမှ ဝယ်လိုအား မြင့်မားမှုကြောင့် ထိုင်းနိုင်ငံတွင်းသို့ မှောင်ခို တင်သွင်းမှုများ ဆက်ရှိနေဆဲ ဖြစ်သည်။

 

ယခင်က မလေးရှားနယ်စပ်ရှိ ထိုင်းမြို့ငယ်များတွင်သာ မလေးရှား ဟင်းချက်ဆီ ဘူးများ၊ အထုပ်များ ရောင်းချသည်ကို တွေ့ရသော်လည်း ယခုအခါ အခြားမြို့ငယ်အချို့တို့တွင်လည်း တွေ့ရသည်။ 

 “မလေးရှား ဟင်းချက်ဆီ အထူးသဖြင့် ၁ ကီလိုဂရမ် ပိုလီအိတ်တွေက ထိုင်းနိုင်ငံမှာ ထုတ်လုပ်တဲ့ ဟင်းချက်ဆီတွေနဲ့ ယှဉ်ရင် ဈေးသက်သာပြီး အရည်အသွေးကောင်းတဲ့အတွက် ထိုင်းတွေက ရှာဝယ်ကြတာ နှစ်အတော်ကြာပြီ” ဟု ၄၅ နှစ်အရွယ်ရှိသူ  ထိုင်းအိမ်ရှင်မ Asmat က ပြောကြားသည်။

ထိုင်းနိုင်ငံ နာရာသီဝပ် ဇာတိ ၄၇ နှစ်ရှိ Ajis Derahman က မလေးရှား ဟင်းချက်ဆီများကို တရားမဝင် တင်သွင်းထားခြင်း ဖြစ်ကြောင်း သိသော်လည်း ဝယ်ယူသုံးစွဲသည်။ 

“ကျွန်တော်တို့မှာ မရှောင်ကြဉ်နိုင်ဘူး။ မလေးရှား ဟင်းချက်ဆီက ထိုင်းမှာ ရောင်းတဲ့ ဆီတွေထက် အများကြီး ဈေးသက်သာတယ်။ ထိုင်းကုန်သည်တွေက မလေးရှား ဟင်းချက်ဆီတွေကို ဈေးတင်ပြီး ရောင်းကြတယ်။ ၁ ကီလိုထုပ်တွေကို ၁ ရင်းဂစ်ကနေ ၃ ရင်းဂစ်အထိ ဈေးပိုယူကြပေမဲ့ ထိုင်းဟင်းချက်ဆီ စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးက သက်သာနေဆဲ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

မလေးရှား နယ်စပ်နှင့် ဝေးသည့် နာရာသ‌ီဝပ်နှင့် ယာလာတို့တွင် မလေးရှား ဟင်းချက်ဆီ ၁ ကီလိုဂရမ် ဘူးများနှင့် အထုပ်များ ဝယ်ယူရရှိနိုင်သည်။ 

နယ်စပ်တွင် တင်းကျပ်မှု မရှိသဖြင့် မလေးရှား ဟင်းချက်ဆီများကို တရားမဝင် တင်သွင်းဖို့ လွယ်ကူနေစေသည်။ 

သို့ဖြစ်ရာ နာရာသီဝပ်ရှိ ဈေးထဲတွင် မလေးရှား ဟင်းချက်ဆီ တံဆိပ်အမျိုးမျိုးကို ဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရသည်။ 

 

ဆီကုန်သည် အမျိုးသမီး Aida သည် မလေးရှား ဟင်းချက်ဆီ ၁ ကီလို ပိုလီအိတ်များ ရောင်းချသည်မှာ ၅ နှစ် ရှိပြီ ဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်ခန့်ကစ၍ မလေးရှား ဟင်းချက်ဆီ ဝယ်ရခက်လာသည်ဟု သူမက ပြောကြားသည်။ 

“မလေးရှားနယ်စပ်မှာ ဟင်းချက်ဆီ မှောင်ခို တိုက်ဖျက်ရေးကို အရှိန်မြှင့် လုပ်ဆောင်လာတာကြောင့် ပစ္စည်း အဝင်နည်းနေတာ ဖြစ်မယ် ထင်တယ်” ဟု သူမက ပြောကြားသည်။

 

Source nation


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 10 October 2023 08:33
Rate this item
(0 votes)