Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဘုတလင်ငှက်ပျောများ ဈေးကောင်းရရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်ကာလ ဖြစ်နေသာ်လည်း အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင်ဆန်းမြင့်ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ငှက်ပျောများမှာ ယခင်နှစ်ကထက် ဈေးကောင်းရရှိနေကြောင်း အုတ်အိုင်ကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးတင်ထွေးထံမှ သိရသည်။

ဘုတလင်မြို့နယ်မှ ထွက်ရှိသည့် ငှက်ပျောကို ရန်ကုန်၊ မန္တလေးနှင့် ဖားကန့်ဒေသတို့သို့ အများဆုံး တင်ပို့ ရောင်းချရပြီး ငှက်ပျောဖီးရေ ၄၀၀၀ ကျော် ဆံ့သည့် ခြောက်ဘီးကား သုံးစီး/လေးစီး နေ့စဉ်နီးပါး တင်ပို့ ပေးနေရကြောင်း သိရသည်။

“ကျွန်တော်တို့ ကျေးရွာ လေးရွာကထွက်တဲ့ ငှက်ပျောတွေကို ရန်ကုန်ဝယ်လက်တွေက ခြောက်ဘီး ကားတွေနဲ့ နေ့စဉ်နီးပါး လာရောက်ဝယ်ယူပါတယ်။ အရင်နှစ်တွေမှာ ငှက်ပျောဈေးက တစ်ဖီးကို ၅၀၀၊ ၆၀၀ ကျပ်ပဲ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ငှက်ပျောတစ်ဖီးကို ၉၀၀ ကျော်အထိ ဈေးရပါတယ်။ ကိုဗစ်ကာလ ဖြစ်ပေမယ့် ငှက်ပျောဈေးက မကျဘဲ ဈေးကောင်းရနေတော့ ငှက်ပျောတစ်ဧကကို သိန်း ၄၀ ကျော်အထိ အမြတ်ရ နေကြပါတယ်”ဟု ငှက်ပျောစိုက်တောင်သူ ဦးတင်ထွေးက ပြောပြသည်။

ဘုတလင်မြို့နယ်ရှိ အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင်ဆန်းမြင့်ကျေးရွာများတွင် ကျောက်စိမ်း ဖီးကြမ်းငှက်ပျော၊ ရွှေငှက်ပျောနှင့် ခွံဝါငှက်ပျောမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် ငှက်ပျောပင် ၇၀၀ ကျော်အထိ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
MDN

For_Use_-_Budalin_6.jpg

Read times
Rate this item
(0 votes)