Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း ဆီစက် လုပ်ငန်းရှင်များကို ချေးငွေထုတ်ပေးဖို့ စီစဉ်နေ

ဆီစားသုံးမှု ဖူလုံလာဖို့နဲ့ နိုင်ငံခြားငွေ လျှော့ချဖို့ဆိုကာ ပြည်တွင်းယခင်စားသုံးဆီ တန်ချိန်၅သိန်းကနေ ၁၀သိန်းလောက်ထိကို တိုးထုတ်နေတာပါ။

ဒါ့အပြင် ပြည်တွင်းဆီစက် လုပ်ငန်းများကလည်း ၁၀၀ရာခိုင်နှုန်းမှာ ၇၀ရာခိုင်နှုန်းမျှ ပြန်လည်လည်ပတ်တဲ့ အခြေအနေလို့ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်းထံက သိရပါတယ်။

ဒီလိုအခြေအနေမှာ ပြည်တွင်း ထုတ်လုပ်နေတာကို တိုးမြှင့်နိုင်ဖို့ဆိုကာ နေကြာဆီ အပါအဝင် စားသုံးဆီ ထုတ်လုပ်တဲ့ ဆီစက်လုပ်ငန်းရှင်များကို ချေးငွေများ ထုတ်ချေးပေးသွားဖို့ စီစဉ်နေတယ်လို့ ၎င်းအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပိုင် သတင်းစာကနေ တစ်ဆင့် ဆိုထားပါတယ်။

အခုလက်တလော ချေးငွေချေးပေးမှာနဲ့ ပတ်သက်ပြီးတော့ စိစစ်နိုင်ဖို့ ကော်မတီတစ်ခု ဖွဲ့စည်းထားတဲ့အဆင့်ပဲ ရှိပါသေးတယ်။

အဓိကတော့ ရာသီချိန်အလိုက် စိုက်ပျိုးထားတဲ့ ဆီထွက်သီးနှံများ ကြိတ်ခွဲထုတ်လုပ်ချိန်မှာ ရာသီချိန် အမှီထုတ်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။

ဆီစက်အသစ်များ တည်ဆောက်မယ့် သူတွေလည်း လျှောက်ထားနိုင်ပါတယ်”လို့ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်က ပြောပါတယ်။

ဆီစက်လုပ်ငန်းရှင်များ ငွေကြေးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ဖို့ ထုတ်ချေးငွေကိစ္စကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွေထံ တင်ပြထားရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းနှစ်စဉ် ဆီတန်ချိန် တစ်သန်းခန့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုကာ ဆီထွက်သီးနှံ စိုက်ပျိုးစရိတ် ပံ့ပိုးမှုအနေနဲ့ နေကြာသီးနှံ စိုက်ပျိုးစရိတ် ပံ့ပိုးမှုအစီအစဉ် အနေဖြင့် စိုက်ဧကတစ်ဧကကို တစ်လငွေကျပ် ၁သိန်းခွဲ ချေးငွေအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပံ့ပိုးပေးနေသလို နေကြာမျိုးစေ့ ထုတ်လုပ်သူတွေအတွက် ငွေကျပ်၈သောင်း တိုးမြှင့်ထုတ်ချေး နေတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆီစက်ပေါင်း ၃၀၀၀ကျော်နဲ့ မှတ်ပုံမတင်ထားရှိတဲ့ ကျေးလက်ဒေသ ဆီစက်လုပ်ငန်းပေါင်း ၁၀၀၀ကျော် စုစုပေါင်း၄၀၀၀ကျော် လည်ပတ်လုပ်ကိုင် နေတာတွေ ရှိသလို တစ်ပိုင်တစ်နိုင် ဆီစက်လုပ်ငန်းများလည်း ရှိနေတာကြောင့် ပြည်တွင်းဖူလုံမှု အပြည့်အဝ ရှိနေတယ်လို့လည်း သိရပါတယ်။

mmgpmedia

Read times
Rate this item
(0 votes)