Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဆောင်းသီးနှံ ပန်းစိမ်းခေါ် ပန်းမုန်လာစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ဆောင်းသီးနှံများဖြစ်သည့် ပန်းစိမ်းခေါ် ပန်းမုန်လာစိမ်းများကို

တစ်ပိုင်တစ်နိုင် စီးပွားဖြစ်စိုက်ပျိုးကြရာ ပန်းမုန်လာစိမ်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းပြီး မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပင်လည်ဘူးမြို့ မိုးကောင်းရပ်ကွက်မှ ပန်းမုန်လာစိမ်းများ စိုက်ပျိုးရောင်းချသူ ဦးမင်းကျော်ထံမှ သိရသည်။

အဆိုပါ ပန်းမုန်လာစိမ်းများကို စက်တင်ဘာလမှစ၍ စတင်စိုက်ပျိုးရောင်းချခဲ့ကြောင်း အပွင့်ကြီး တစ်ပွင့် ငွေကျပ် ၅၀၀ ရောင်းရကြောင်း၊ ပန်းမုန်လာစိမ်းများအပြင် ပန်းမုန်လာပွင့်၊ ဂေါ်ဖီ၊ ကိုက်လန်မုန်ညှင်း၊ ပဲကော့သီး၊ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီး၊ မုန်ညှင်း၊ ဖရုံသီး၊ ဘူးသီးနှင့် အခြားသီးပင် စားပင်များကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပွဲလန်းသဘင်အရေးအကြောင်းများ မရှိသည့်အတွက် သီးနှံပင်များမှာ ယခင်နှစ်တွေထက် ရောင်းအား မရှိကြောင်း၊ သို့သော်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းရသည့်အတွက် အဆင်ပြေကြောင်း၊ ဟင်းစားသီးနှံများအပြင် နှစ်ရှည်သီးနှံပင်များလည်း စိုက်ပျိုးထားရှိကြောင်း၊ သီးပင်စားပင်များအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရသည့်အတွက် နေ့စဉ်ပုံမှန်ဝင်ငွေများရရှိကာ မိသားစုစီးပွားရေး၊ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ပန်းမုန်လာစိမ်းစိုက်ပျိုးရောင်းချသူ ဦးမင်းကျော်က ပြောပြသည်။

ပင်လည်ဘူးမြို့နယ်တွင် ဆောင်းသီးနှံများကို စပါးများစိုက်ပျိုးပြီးစအချိန် မိသားစုအပိုဝင်ငွေများ ရရှိအောင် အိမ်နောက်ဖေး မြေကွက်လပ်များ၊ မူးမြစ်ချောင်းရိုးတစ်လျှောက် သဲသောင်ပြင်စိုက်ခင်းများ တွင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် လုပ်ကိုင်စိုက်ပျိုးရောင်းချလျက်ရှိရာ တစ်ဖက်တစ်လမ်း မိသားစု စီးပွားရေး အထောက်အကူများရရှိ၍ နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

MDN

safe_image_5.jpg

 

Read 1098 times Last modified on Sunday, 03 January 2021 21:29
Rate this item
(0 votes)