Fruits & Vegetables



လာမည့် ကော်ဖီထွက်ချိန်တွင် မြန်မာ့ကော်ဖီကို ရုရှား ဝယ်ယူ တင်သွင်းမည်

ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီကို ဝယ်ယူပြီး ကုန်သွယ်မှု လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ 

 

အဆိုပါ ရုရှားနိုင်ငံရှိ လက်လီအရောင်းဆိုင်များတွင် မြန်မာ့ကော်ဖီကို အမြဲတမ်းအမျိုးအစားအဖြစ် မိတ်ဆက်ပေးပြီး ဝယ်ယူ တင်သွင်းရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov က ပြောကြားထားခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောသည်။ 

 

“ ကျွန်တော်တို့ ကော်ဖီကို တင်သွင်းဖို့အတွက် ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov က သူတို့နိုင်ငံမှာ မိတ်ဆက်ပြောထားတာ ရှိတယ်။ ဝယ်ယူဖို့လည်း ကမ်းလှမ်းထားတယ်။ ကော်ဖီထွက်ချိန်မှ ပို့နိုင်ဖို့ စီစဉ်ရမှာပါ။ “ ဟု ၎င်းက ဆိုသည်။

 

အခုဆို ပို့ကုန် အစားထိုးတင်ပို့မှုမှာ ကော်ဖီက အောင်မြင်မှု ရလာပြီ။ လက်ရှိမှာ တခြားနိုင်ငံတွေက မြန်မာ့ကော်ဖီကို ကုန်ချောပြန်ထုတ်ပြီး  ရောင်းနေကြတာဆိုတော့ ကုန်ကြမ်းရောင်းစားတဲ့ အနေအထားပဲ ရှိသေးတယ်။ အရည်အသွေးမြှင့် ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ကော်ဖီဆိုပြီး နေရာရလာအောင် လုပ်ဖို့ လိုနေတယ်။ ” ဟု ဦးမင်းလှိုင်က ဆက်လက် ပြောကြားသည်။

 

 

Advertisement

Click Here > Real Hub

 

ပြည်တွင်း၌ နှစ်စဉ် ကော်ဖီတန်ချိန် ၈,၀ဝ၀ မှ ၁၀,ဝ၀ဝ ကြား ထွက်ရှိပြီး ယခု ၂၀၂၃ ခုနှစ် ကော်ဖီတစ်တန် တန်ဖိုးသည်  ကုန်စည်အရည်အသွေးပေါ် မူတည်၍ အမေရိကန်ဒေါ်လာ ၅,၅၀ဝ မှ ၈,၃၀ဝ ဝန်းကျင်အထိ ဈေးရရှိနေကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ယခု ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းမှ ထွက်ရှိသည့် ကော်ဖီကုန်ကြမ်း (၇၅) ရာခိုင်နှုန်းကို    ပြည်ပတင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ကော်ဖီရာသီချိန်က ထွက်ရှိခဲ့သော ကော်ဖီလက်ကျန်  မရှိတော့ဟု ဆိုသည်။

 

ယခုနှစ် ပထမနှစ်ဝက်တွင် ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ ဝယ်ယူမှု မြင့်တက်လာပြီး ဆန်နှင့် ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း စသည့် စိုက်ပျိုးရေး ထွက်ကုန်များ ရုရှားဈေးကွက်တင်ပို့မှုမှ ကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်ရရှိရန် ရည်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ မြန်မာ- ရုရှား ကုန်သွယ်မှုအနေဖြင့် ကန်ဒေါ်လာ (၃၄) သန်းကျော် ရှိပြီး ရုရှားသို့   ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁၆) သန်းကျော်၊ ရုရှားမှ သွင်းကုန်တန်ဖိုး   ကန်ဒေါ်လာ (၁၈) သန်း ကျော် ရှိကြောင်း ထုတ်ပြန်ထားသည်။

Read times Last modified on Tuesday, 26 September 2023 17:35
Rate this item
(0 votes)