Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ ကြက်သွန်နီ အလုံးအရင်းဖြင့် ဝယ်ယူနေသော်လည်း ရေရှည်ဈေးကောင်း မရရှိနိုင်

ယခုရက်ပိုင်းအတွင်း ကြက်သွန်နီ ဈေးကွက်သို့ တရုတ်နိုင်ငံမှ အလုံးအရင်းဖြင့် အဝယ်လိုက်နေသော်လည်း

ရေရှည်တွင် ဈေးကွက်ကောင်းရ ရေး မျှာ်လင့်မထား ဘူးလို့ ကြက်သွန်စိုက် တောင်သူများက ပြောပါတယ် ။
``တရုတ်ဝယ်လက်တစ်ခုတည်းနဲ့တော့ ကြက်သွန် ဈေးကောင်းမရနိုင်ဘူး သူ့ကို အားကိုးလို့လည်းမရဘူး တရုတ်က သူသတ်မှတ်ထားတဲ့ ကုန်ချိန်ရသွားရင် တန်းရပ်ပစ်တော့ ဈေးကွက်က ပြန်အေးသွားတက်တာ ဒါလည်း နှစ်စဉ်လိုလို တောင်သူတွေ ကြုံတွေ့နေကြဖြစ်နေတယ် တရုတ်ဝယ်လက်က ခဏတာပဲ ဈေးကောင်းပေးဝယ်ပေမယ့် ရေရှည်မခံဘူး´´လို့ ကျောက်ဆည်မြို့နယ် လေးဆယ်ကုန်းကျေးရွာမှ ကြက်သွန်စိုက်တောင်သူ ဦးနိုင်လွင်ဦးက ပြောပါတယ် ။
ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်နှင့် မြစ်သားမြို့နယ်များရှိ တောင်သူများက မိုးကြက်သွန်ကို နှစ်စဉ် အများအပြား စိုက်ပျိုးကြပြီး ယခုလတ်တလောကာလ ကြက်သွန်ပေါ်ချိန်တွင် ဈေးကောင်းမရရှိသဖြင့် တောင်သူအချို့ လက်ရှိပေါက်ဈေးအခြေအနေအရ အရှုံးပေါ်မည့်ဘက်ကို ဦးတည်နေကြောင်း ကြက်သွန်စိုက်တောင်သူများက ပြောပါတယ် ။
`` အခုရက်ပိုင်းမှာ တရုတ်နိုင်ငံက ကြက်သွန်အဝယ်လိုက်နေတယ် ဆိုပေမယ့် ရေရှည်အတွက်
တော့ ဈေးကွက်ကောင်းရမယ်လို့ မျှော်မှန်းမထားပါဘူး နှစ်စဉ်နှစ်တိုင်း တရုတ်ဝယ်နေတဲ့ အတိုင်းအတာအရဆိုရင် တရုတ်က အားမပါဘူး ပြီးတော့ ကြက်သွန်တစ်ပိသာကို ၇၀၀ လောက် ၈၀၀ လောက်ဆိုရင် မဝယ်တော့ပဲ ရပ်သွားတတ်တယ် ကျောက်ဆည်မှာတော့ အရင် ၁၅ ရက်လောက်က သူတို့ဝယ်နေတာ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ၈၅၀ နဲ့ ၉၅၀ အထိ ဈေးကောင်းပေးဝယ်ပြီးမှ အခု မဝယ်တော့ပဲ ရပ်သွားတယ် ´´လို့ကျောက်ဆည်မြို့တွင် ငရုတ်နှင့်ကြက်သွန် ရောင်းဝယ်ရေးကို အဓိကလုပ်ကိုင်နေသည့် ငြိမ်းချမ်း ပွဲရုံပိုင်ရှင် ဦးဝင်းဇော်အောင်က ပြောပါတယ် ။
ကြက်သွန်စိုက် တောင်သူများအနေဖြင့် ရေရှည် ကြက်သွန်ဈေးကွက်ကောင်း ရရှိရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ် ဈေးကွက်ကို မျှော်မှန်းနေကြကြောင်း ယခုလက်ရှိ ကြက်သွန်တစ်ပိသာပေါက်ဈေး ၆၀၀ ကျပ် ဖြစ်နေသော်လည်း တောင်သူများက အလုံးအရင်း ရောင်းချမှုမရှိပဲ လှောင်လက်အနေဖြင့် ထားရှိကာ ဈေးကွက်ကောင်းရရှိချိန်ကို မျှော်လင့်နေကြကြောင်း ဦးဝင်းဇော်အောင်က ပြောပါတယ် ။

MyanmarLabourNews

Read times
Rate this item
(0 votes)