Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား အစိုးရ တန်ဖိုးနည်း ဟင်းချက်ဆီ ဖြန့်ဖြူးရေး အစီအစဉ်အသစ် ကြေညာ

အင်ဒိုနီးရှား အစိုးရ တန်ဖိုးနည်း ဟင်းချက်ဆီ ဖြန့်ဖြူးရေး အစီအစဉ်အသစ် ကြေညာ

အင်ဒိုနီးရှား အစိုးရက ထောက်ပံ့ပေးထားလို့ ဈေးသက်သာနေတဲ့ ဈေးနျုန်းများဖြင့် ရောင်းချမယ့် ဟင်းချက်ဆီ ထုပ်ပိုးကုန် အသစ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း၊ အစီအစဉ်တွင် ပါဝင်ဖို့ သဘောတူတဲ့ စားအုန်းဆီထုတ်လုပ်သူများအတွက် မက်လုံးပေးထားကြောင်း  ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ပြောကြားပါတယ်။

 

1657112844.jpeg

 

ဟင်းချက်ဆီထုပ်များကို Minyakita ကုန်အမှတ်တံဆိပ်ဖြင့် ရောင်းချပေးမှာ ဖြစ်ပြီး ရိုးရိုးရှင်းရှင်း ထုပ်ပိုးထားတဲ့ ၁ လီတာထုပ်များဖြင့် ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။ ရောင်းဈေးကို တစ်ထုပ်ကို ရူပီယာ ၁၄,၀၀၀ (၁ အမေရိကန်ဒေါ်လာနီးပါး)  သတ်မှတ်ထားပါတယ်။ 

 

 အစိုးရကို Minyakita ဆီထုပ်များ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးတို့ကို ကူညီပေးတဲ့ စားအုန်းဆီထုတ်လုပ်သူများကို ၎င်းကူညီတဲ့ ပမာဏရဲ့  ၂၀ % နှင့် ညီမျှသော စားအုန်းဆီကြမ်း ပမာဏကို ပြည်ပတင်ပို့ခွင့် ရရှိမှာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် စားအုန်းဆီထုတ်လုပ်သူ တစ်ဦးက စားဆီ တန်ချိန် ၇,၀၀၀ ကို Minyakita ဆီထုပ်များအတွက် အသုံးပြုတယ်ဆိုရင် စားအုန်းဆီကြမ်း တန်ချိန် ၄,၈၀၀ စားအုန်းဆီကြမ်း CPO ကို ပြည်ပတင်ပို့ခွင့် ရရှိမယ်လို့ Zulkifli က ပြောကြားပါတယ်။ 

 

အစိုးရက Minyakita  ကို  trade mark  မှတ်ပုံတင်ထားပြီး ပုဂ္ဂလိက ကုမ္ပဏီများကို အစီအစဉ်မှာ ပါဝင်လုပ်ကိုင်ကြဖို့ တိုက်တွန်းနေပါတယ်။ 

အစီအစဉ်မှာ သက်တမ်း ၄ နှစ် ပါဝင်ရမှာ ဖြစ်ပြီး လိုအပ်ပါက သက်တမ်းထပ်တိုးနိုင်ပါတယ်။ 

#MyanmarFoodGuide

https://t.me/Guid4U

Source: jakartaglobe

Read times
Rate this item
(0 votes)