Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


နနွင်း ဝယ်လိုအားကျဆင်း၍ တွက်ခြေမကိုက်ဖြစ်နေ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ နနွင်းစိုက်တောင်သူများ ဝယ်လိုအား ကျဆင်း၍ တွက်ခြေမကိုက်ဖြစ်နေကြောင်း

နနွင်းစိုက်တောင်သူများထံက သိရသည်။

“ဒီကိုဗစ်ကာလမှာ ပွဲရုံတွေပို့ဖို့ကလည်း အဆင်မပြေတော့ တောဈေးလေးတွေ အရောင်းထွက် နေရ တယ်။ တစ်ရက် တစ်ပိဿာကုန် နှစ်ပိဿာကုန် ဒီလိုပဲ လည်ရောင်းနေရတော့ တွက်ခြေမကိုက် တော့ဘူး ” ဟု ကတ်ကျေးဆိတ်ကျေးရွာမှ နနွင်းစိုက်တောင်သူတစ်ဦးက ပြောပြသည်။

ယခင်က နနွင်းအခြောက် တစ်ပိဿာလျှင် ငွေကျပ် (၈၀ဝ၀)နှုန်းဖြင့် ကျောက်ကြီးမြို့မှ ရန်ကုန်မြို့၊ တောင်ငူမြို့နှင့် မူဆယ်မြို့များရှိ ပွဲရုံများဖြင့် ချိတ်ဆက်ပို့ဆောင် ရောင်းဝယ်ကြသဖြင့် တွက်ခြေကိုက်ပြီး လက်ရှိတွင် နနွင်းအစို တစ်ပိဿာလျှင် ငွေကျပ် (၄၀ဝ)နှုန်း၊ နနွင်းတက် နေပူလှန်းပြီးသား အခြောက် တစ်ပိဿာလျှင် ငွေကျပ် (၃၀ဝ၀)နှုန်း၊ ကြိတ်ပြီးသား နနွင်းမှုန့် တစ်ပိဿာလျှင် ငွေကျပ် (၄၀ဝ၀)နှုန်း သာရရှိ၍ အဆိုပါဈေးနှုန်းအတိုင်းပင် ရောင်ဝယ်မှုများနည်းပါးကာ နနွင်းစိုက်တောင်သူများအနေဖြင့် စီးပွားရေးအဆင်မပြေ တွက်ခြေမကိုက်ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် နနွင်းပင်အား ပေါင်စနစ်ဖြင့် မိုးဦးကာလတွင် စိုက်ပျိုးကြပြီး တစ်နှစ်စိုက်ပျိုးပြီးသား နနွင်းပင်အား နောင်နှစ် မိုးရာသီတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် ပျိုးပေါင်များချန်ထားရကြောင်း၊ ဆောင်ရာသီ လလယ်လောက် စိုက်ပျိုးချိန်ရောက်မှ အဆိုပါ ပျိုးပေါင်များမှ နနွင်းတက်များ တူးဖော်ပြီး စိုက်ပျိုးရကြောင်း၊ နနွင်းပင်သည် ရေမကြိုက်သည့်အတွက် ကုန်းကျသည့် နေရာများတွင်သာ စိုက်ပျိုးရကြောင်း၊ နနွင်းပင်အား စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ (၆)လ လောက်ကြာမြင့်ပြီး တူးဖော်ရရှိသည့် နနွင်းတက်များအား သန့်စင်၍ ရေနွေးဖြင့် အနေတော် ပြုတ်ရကြောင်း၊ နနွင်းပြုတ်တဲ့အပေါ်မူတည်၍ နနွင်းမှုန့် ပြန်ကြိတ်သည့် အချိန်တွင် နနွင်းအရောင် နှစ်ရောင်၊ သုံးရောင် ထွက်ရှိတတ်ကြောင်း၊ သန့်စင်ပြီး နနွင်းတက်အစို (၂၅) ပိဿာပြုတ်လျှင် နနွင်းအတက်အခြောက် (၅) ပိဿာရရှိကြောင်း၊ ပြုတ်ပြီးသား နနွင်းတက်များအား နေပူလှန်း အခြောက်ခံကာ ကြိတ်စက်ဖြင့် ပြန်ကြိတ်လျှင် သဘာဝစစ်စစ် နနွင်းမှုန့်ကိုရရှိကြောင်းနှင့် နနွင်းတက် အခြောက်အတက် (၁)ပိဿာကို ကြိတ်လျှင် နနွင်းမှုန့် (၁)ပိဿာ ထွက်ရှိကြောင်း၊ နနွင်းမှုန့်သည် ကျန်းမာရေးအတွက် အထောက်အကူပြုပြီး မီးဖိုချောင်သုံး ဆေးဖက်ဝင် စားကုန်ဖြစ်ကြောင်း သိရသည်။

ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းကြောင်းများပိတ်ထားသဖြင့် ကျောက်ကြီး မြို့ပေါ်နှင့် အနီးပတ်ဝန်ကျင်မြို့နယ်များမှ ကျေးရွာများကိုသာ ဖြန့်ဖြူးရောင်းချရသည့်အတွက် နနွင်းထွက်ကုန်အားနည်း၍ စီးပွားရေးအဆင်မပြေကြောင်း နနွင်းတက်အခြောက် ရောင်းဝယ် လုပ်ကိုင်နေသူများထံမှ သိရသည်။

MDN

Annotation_2021-01-08_093456.jpg

 

Annotation_2021-01-08_093348.jpg

Annotation_2021-01-08_093251.jpg

 

Read times
Rate this item
(1 Vote)