Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပိုးသတ်ဆေး ထုတ်လုပ်နိုင်သော အပင်များ

ပိုးသတ်ဆေး ထုတ်လုပ်နိုင်သော အပင်များ google

မိတ်ဆွေများအတွက် သဘာ၀ပိုးသတ်ဆေး ဖော်စပ်အသုံးပြုလို့ရတဲ့ အပင်တွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ သဘာဝပိုးသတ်ဆေးဖော်စပ်လို့ရတဲ့ အပင်တွေကိုတော့ အောက်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဖော်ပြသွား မယ့်နည်းလမ်းတွေကတော့ စိုက်ခင်းကြီးတွေအတွက် အသုံးပြုရန်ခက်ခဲနိုင်သော်လည်း ဟင်းသီးဟင်းရွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ အတွက် အသုံးဝင်အကျိုးထူးမယ်လို့ မျှော်လင့်ပါတယ်။

 

၁။ သြဇာ

Annonaceae - Alchetron, The Free Social Encyclopedia

သြဇာပင်မှ အစေ့နှင့် အရွက်များကို သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ သြဇာရွက်တွင် စူးရှပြင်းထန်သော ဓာတ်ဆေးတစ်မျိုးပါဝင်ပြီး သြဇာစေ့တွင် ဆီနှင့် စူးရှပြင်းထန်သော ဓာတ်ဆေးတစ်မျိုးပါဝင်ပါတယ်။  သြဇာရွက်မှ ထုတ်ယူရရှိသော သဘာဝပိုးသတ်ဆေးသည် သြဇာစေ့မှရသော ဆေးထက် ပိုမိုထိရောက်မှုရှိပါတယ်။ သြဇာရွက်နှင့် အစေ့တို့ကို အမှုန့်ပြုလုပ်၍ ရေဖြင့်လည်းကောင်း၊ အရက်ပြန်ဖြင့်လည်းကောင်း ရော၍သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုခြင်းဖြင့် ပျပိုး၊ ဖြုတ်စိမ်းပိုး၊ သန်းစသည့် စုပ်စားပိုးကောင်များနှင့် အရွက်စားပိုးများ ဖြစ်ကြသော ပိုးနဂါး၊ ရွက်လိပ်ပိုး၊ ပိုးကျိုင်းကောင်များကို နှိမ်နင်းနိုင်ပါတယ်။

 

၂။ ကြက်ဟင်းခါး

ကြက်ဟင်းခါးပင် စိုက်ပျိုးခြင်း အပိုင်း (၂) | Mizzima Myanmar News and  Insight

ကြက်ဟင်းခါးပင်မှာတော့ အရွက်နှင့် အသီးတို့ကို သဘာ၀ ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အရွက်နှင့် အသီးတို့မှရရှိသော အရည်ဖြင့်လည်းကောင်း၊ အရက်ပြန်ဖြင့် ရောနှော၍ ပိုးသတ်ဆေးစွမ်းအားထုတ်၍ လည်းကောင်း ခူမွှေးရှည်၊ ရွက်လိပ်ပိုးနှင့် ရွက်ဖြတ်ကျိုင်းကောင်များကို ကာကွယ်နိုင်ပါတယ်။

 

၃။ ပဲစိမ်းစား

Jicama Facts, Health Benefits and Nutritional Value

ပဲစိမ်းစားပင်ရဲ့အစေ့ကို သဘာဝပိုးသတ်ဆေးအဖြစ် အသုံပြုနိုင်ပါတယ်။ ပဲစိမ်းစားဆိုသည်မှာ အတောင့်နှင့်ဥစားမျိုးဖြစ်ပါတယ်။ မျိုးယူပြီး ကျန်သောပဲစိမ်းစားစေ့များကို အခြောက်လှန်းကာ အမှုန့် လုပ်၍လည်းကောင်း ၊ ရေဖြင့်စိမ်၍လည်းကောင်း ပျပိုး ၊ ဖြုတ်စိမ်း ၊ ပင့်ကူနီ ၊ ဟင်းသီးဟင်းရွက်စားပိုးများနှင့် ပဲမျိုးစုံရွက်စားပိုးများ နှိမ်နင်းရာတွင် အသုံးပြုနိုင်ပါတယ်။

 

၄။ နွယ်သာကီ

နွယ်သာကီပင် - ဝီကီပီးဒီးယား

နွယ်သာကီအရွက်ကို သဘာဝပိုးသတ်ဆေး အဖြစ်အသုံးပြုနိုင်ပါတယ်။ နွယ်သာကီအရွက်တစ်ဆကို ရေနှစ်ဆဖြင့်လည်းကောင်း ၊ နွယ်သာကီအရွက်ခြောက်ကို အမှုန့်လုပ်၍ အရက်ပျံနှင့်စိမ်၍လည်းကောင်း၊ ရွက်စားပိုး၊ ကျိုင်းကောင်နှင့် ပိုးလောက်လန်းများကို နှိမ်နင်းနိုင်ပါတယ်။

 

၅။ မဲရိုင်း

No photo description available.

 

မဲရိုင်းအရွက်၊ အသီးနှင့် အမြစ် စသည်တို့ကို အမှုန့်များပြုလုပ်၍လည်းကောင်း၊ ပျော်ဝင်ရေတွင် ရေ၊ အရက်ပြန် ပျော်ဝင်စေ၍လည်းကောင်း အသုံးပြုနိုင်ပြီး ရွက်စားပိုး၊ ခူကောင်၊ ပိုးလောက်ကောင်များနှင့် ပိုးကျိုင်းကောင်များကို နှိမ်နင်းနိုင်ပါတယ်။

 

၆။ ကြောင်ပန်းကြီး

ကြောင်ပန်းကြီး - ဝီကီပီးဒီးယား

ကြောင်ပန်းကြီးကို နေရာအနှံ့အပြားတွင်တွေ့ရပြီး အရွက်ကို သဘာဝပိုးသတ်ဆေးအဖြစ် သုံးနိုင်ပါတယ်။ ကြောင်ပန်းရွက်များကို အခြောက်လှန်းပြီး သီးနှံများသိုလှောင်သည့် အိတ်များတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် သီးနှံများသိုလှောင်ရာတွင် ဖျက်စီးတတ်သော ပိုးမွှားများ၏ အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။

 

#တောင်သူ့တံတား

 

Read 2499 times Last modified on Thursday, 28 January 2021 11:29
Rate this item
(0 votes)