Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၇၃၄၈ တို့အတွက် ဆည်တော်ကြီးရေလှောင်တမံမှ ရေပြည့်ဝစွာ ပေးဝေသွားမည်

ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံမှ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးမည့်

နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၇၃၄၈ တို့အတွက် ဆည်တော်ကြီးရေလှောင်တမံမှ ရေပြည့်ဝစွာ သိုလှောင်ထားပြီးဖြစ်၍ တောင်သူများအတွက် ဖေဖော်ဝါရီလ ပထမပတ်မှစပြီး စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆည်တော်ကြီးရေလှောင်တမံအတွင်း ဒီဇင်ဘာလကုန်ရက်တွင် ရေလက်ကျန်ပမာဏမှာ ၃၅၈၂၆၀ ဧကပေ၊ ရေသေပမာဏမှာ ၈၄၀၀၀ ဧကပေ၊ အသုံးပြုနိုင်သော ရေပမာဏမှာ ၂၇၄၂၆၀ ဧကပေရှိကြောင်း၊ ထို့ကြောင့် ရေလက်ကျန်ပမာဏပေါ်မူတည်၍ ယခုဘဏ္ဍာနှစ်တွင် နွေစပါး ၆၇၀၅၃ ဧကနှင့် နွေနှမ်း ၂၉၅ ဧက လျာထားပြီး တောင်သူများစိုက်ပျိုးမည့် နွေသီးနှံများအတွက် ရေပြည့်ဝစွာ ပေးဝေသွားမည်ဖြစ်ကြောင်း၊ ထို့အတူ လာမည့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် မိုးစပါးပျိုးထောင်ရေကိုလည်း ချန်ရှိထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံမင်းထွန်းက ပြောသည်။

“ရေလှောင်တမံကနေပြီးတော့ နွေသီးနှံစိုက်ပျိုးမယ့် တောင်သူတွေအတွက်ကို ရေပြည့်ဝစွာပေးသွားမှာပါ။ စိုက်ပျိုးမယ့် တောင်သူတွေရဲ့ သီးနှံတွေ ရေအပြည့်အဝနဲ့ စိုက်ပျိုးနိုင်ပြီးတော့ အကျိုးစီးပွားတွေဖြစ်ထွန်းစေဖို့ ပေးဝေသွားမှာပါ။ ရေပြည့်ဝစွာပေးဝေနိုင်ဖို့အတွက် ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်မှတ် ၄၁၉ ဒသမ ၅ ပေနဲ့ ကန်တွင်းရေပမာဏ ၃၆၃၀၀၀ ဧကပေ သိုလှောင်ထားရှိပြီး ဖြစ်ပါတယ်။ နွေစပါးစိုက် တောင်သူတွေ ရေပြည့်ဝစွာနဲ့ စိုက်ပျိုးသွားနိုင်မှာပါ” ဟု ၎င်းကပြောသည်။

အဆိုပါရေလှောင်တမံသည် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့ရှိ ရေသောက်ဧရိယာအတွင်း နွေစပါးစိုက်ဧကများမှာ မတ္တရာမြို့နယ်တွင် နွေစပါး ၄၂၂၂၅ ဧက၊ ချမ်းမြသာစည်မြို့နယ်တွင် ၆၅ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင် ၁၈၈၀၇ ဧက၊ အမရပူရမြို့နယ်တွင် ၅၉၅၆ ဧက စုစုပေါင်း နွေစပါးစိုက်ဧက ၆၇၀၅၃ ဧကနှင့် နွေနှမ်းသီးနှံ ၂၉၅ ဧကတို့ကို စိုက်ပျိုးနိုင်ရန် လျာထားပြီး အပြည့်အဝရေပေးဝေနိုင်ရန်အတွက် ဆည်တော်ကြီးရေလှောင်တမံမှ ဆည်ရေကို သိုလှောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

MDN

Read times
Rate this item
(0 votes)