Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


နာမည်ကျော် မော်ရှန်ဝမ် ဒူရင်းသီး စစ်ဆေးနည်း

အသီးတို့ရဲ့ ဘုရင်လို့ ဒူရင်းသီးကို ဂုဏ်ဖော်ကြတယ်။ အဲဒီအသီးဘုရင် ဒူရင်းသီးတွေထဲမှာမှ မော်ရှန်ဝမ် ဒူရင်းသီးကို စင်ကာပူမှာ သရဖူ ဆောင်းပေးထားကြတယ်။ ဒူရင်းသီး အမျိုးမျိုး ရှိတာမှာ မော်ရှန်ဝမ် ဒူရင်းသီးက ဈေးအကြီးဆုံး ဖြစ်တဲ့အပြင် လိုချင်သလောက် ဝယ်လို့ ရချင်မှ ရမှာ ဖြစ်ပါတယ်။

 

မော်ရှန်ဝမ် ဒူရင်းသီးက စင်ကာပူမှာ သရဖူမဆောင်းခင်က D24 ဆိုတဲ့ ဒူရင်းသီးက ရေပန်းအစားဆုံးအဖြစ် သရဖူဆောင်းခဲ့ပါတယ်/

တစ်နေ့မှာတော့ လောင်းကစားမြို့တော် မကာအိုမှ လောင်ကစားဘုရင် စတန်လီဟိုက မော်ရှန်ဝမ် ဒူရင်းသီး ၈၈ လုံးကို စင်ကာပူဒေါ်လာ ၄၀၀ ‌ကျော် ပေးဝယ်ပြီး မကာအိုကို လေယာဉ်ဖြင့် အမြန်တင်ပို့စေခဲ့ပါတယ်။ အခုလို စတန်လီဟိုက ဈေးကောင်းပေးပြီး မကာအိုကနေ မှာစားတဲ့အကြောင်းက သတင်းဖြစ်သွားပြီး မော်ရှန်ဝမ် ဒူရင်းသီးကို လူသိများသွားပါတယ်။ အဲဒီနောက်မှာတော့ မော်ရှန်ဝမ်ဒူရင်းသီးဟာ စင်ကာပူမှာ သရဖူဆောင်းထားတဲ့ ဒူရင်းသီးဘုရင် အဖြစ်သို့ ရောက်ရှိသွားခဲ့တာ ယခုအထိ ဖြစ်ပါတယ်။

 

မော်ရှန်ဝမ် ဒူရင်းသီးရဲ့ ထူးခြားလက္ခဏာတွေမှာ အဓိကအားဖြင့် လေးမျိုး ရှိပါတယ်။

 

၁။ ဒူရင်းသီးထိပ်မှာ ကြယ်ပုံသဏ္ဌာန် သိသာထင်ရှားစွာ ပေါ်နေခြင်း

ကြယ်ပုံ မြင်သာနေတဲ့နေရာမှာ ဆူးတွေက သေးငယ်နေတာဖို့ ထိပ်ပြောင်တဲ့ ဦးခေါင်းထိပ် လို ဖြစ်နေပါတယ်။

 

 

၂။ အညှာတွင် အညိုရောင် ကွင်း ပေါ်နေခြင်း

အညိုရောင် ကွင်းဖြစ်နေတဲ့ နေရာမှာ ဆူးတွေ မရှိဘူး။ 

ဒူရင်းသီးရဲ့ လတ်ဆတ်မှုကို သိဖို့ အညှာတံကို လက်သည်းနဲ့ ခြစ်ကြည့်ပြီး စစ်ဆေးကြတယ်။ မာမာချာချာရှိပြီး စွတ်စိုနေရင် လတ်ဆတ်တဲ့ အသီးမှည့်လို့ ဆုံးဖြတ်ကြပါတယ်။

 

 

၃။ ပိရမစ်ပုံ ဆူးများ

မော်ရှန်ဝမ် ဒူရင်းသီးရဲ့ ဆူးတွေက ပိရမစ်ပုံ (ဝဲဘက်ခြမ်း) ဖြစ်နေကြတယ်။ တခြားဒူရင်းသီးတွေ (ယာဘက်ခြမ်း)ရဲ့ ဆူးတွေက အနည်းငယ်လုံးဝန်းပြီး ဆူးတွေ ကပ်ကပ်သပ်သပ်ဖြင့် စိပ်စိပ်လေး ဖြစ်နေတယ်။ မော်ရှန်ဝမ် ဒူရင်းသီးက ဆူးကြီးပြီး မစိပ်မကြဲ ဖြစ်ပါတယ်။

 

 

၄။ အသားရဲ့ အရောင်က ဝါဝါ စိုစို ဖြစ်နေတယ်။

မော်ရှန်ဝမ် ဒူရင်းသီးရဲ့ အသားက အဝါရောင် မမှိန်ဘူး။ အမွှာကို ပါးစပ်နဲ့ စုပ်စားလိုက်ရင် အစေ့က အလွယ်တကူ ကျွတ်ထွက်သွားတယ်။ အသားတွေချည်း ခံတွင်းထဲ ရောက်သွားတယ်။ အစေ့သေးတာမို့ အသားထူတယ်။ တခြားဒူရင်းသီးတွေထက် အသားပိုများများ ပါတယ်။ 

 

 

 

 

 

 

စင်ကာပူမှာ မော်ရှန်ဝမ် ဒူရင်းသီး ရာသီပေါ်ဈေးက တစ်ကီလိုကို ၁၂ စင်ကာပူဒေါ်လာ ဝန်းကျင် လက်လီရောင်းဈေး ရှိပါတယ်။ ရောင်းချချိန်မှာ တန်းစီပြီး ဝယ်ယူကြတဲ့အပြင် ရောင်းတဲ့ဆိုင်က တစ်ဦးလျှင် သုံးလုံးအထိသာ အများဆုံးအနေဖြင့် ဝယ်ခွင့်ပြုပါတယ်။

 

 

 

 

အခြားဒူရင်းသီးမျိုးတွေ ဖြစ်တဲ့  XO, Red Prawn, D101 နဲ့ နန်းကျဘုရင်  D24 တို့ရဲ့ လက်လီရောင်းဈေးက ဒူရင်းသီးတစ်လုံးကို စင်ကာပူဒေါ်လာ ၁၀ မှ ၁၅ အကြားမှာ ရှိပြီး လိုသလောက် ဝယ်ယူနိုင်ပါတယ်။

 

 

ဆက်စပ်ဖတ်ရှုရန်

 

ဒူးရင်းသီး ကောင်းမကောင်း ဘယ်လို ရွေးချယ်ကြသလဲ

မှည့်မမှည့်ဘယ်လို သိရမလဲ

ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပေးလဲ

ဘယ်နိုင်ငံတွေမှာ စားသုံးမှု မြင့်မားသလဲ

အဖြေများကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါတယ်။

ဖော်ပြပါ ခေါင်းစဉ်ကို ထိပါ 

ဆူးအပြည့်နဲ့ သစ်သီးဘုရင်

 

Read times Last modified on Thursday, 01 July 2021 15:52
Rate this item
(0 votes)