Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


လိပ်သိုဒေသထွက် နနွင်းများ စတင်တူးဖော်ရောင်းချလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေးလုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို

အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေးလုပ်ငန်းအရ သီးနှံများစွာရှိသည့်အတွက် နနွင်းစိုက်ပျိုးခြင်းလုပ်ငန်းလည်း တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရသည်။

လိပ်သိုဒေသရှိကျေးရွာများတွင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့်ဒေသမျိုးနနွင်းများကို မိသားစု အပို၀င်ငွေရရှိရန် စိုက်ပျိုးထားကြပြီး ယခုအခါ စတင်တူးဖော်ရောင်းချလျက်ရှိကြောင်း သိရသည်။ နနွင်းဟု ဆိုရာတွင် ဟင်းချက်ရာ၌ ဟင်းခတ်ပစ္စည်းအဖြစ်အသုံးပြုသည့်နနွင်းဝါနှင့် ဆေးဖက်၀င်နနွင်းခါးဟူ၍ နှစ်မျိုးရှိပြီး နနွင်းဝါကိုစီးပွားဖြစ်စိုက်ပျိုးကြခြင်းဖြစ်ကာ နနွင်းခါးကို တောတောင်များအတွင်း အလေ့ကျ ပေါက်ရောက်မှုမှ ဆေးဖော်စပ်ရန်သာ တူးဖော်ကြသည်။

နနွင်းကို တူးဖော်ပြီး ရေဆေးပေးခြင်း၊ နူးအောင်ပြုတ်ခြင်း၊ နေပူလှန်းပေးခြင်းတို့ ဆောင်ရွက်ပြီး ရရှိလာ သော နနွင်းတက် အခြောက်များ အရောင်တက်လာရန် ဆန်ကောများဖြင့် ခလောက်ပြီး နေပြန်လှန်းကာ ရောင်းချလျက်ရှိကြသည်။ လိပ်သိုဒေသတွင် နနွင်းရောင်း၀ယ်သူများက နနွင်းတက်အစို တစ်ပိဿာကိုငွေကျပ် ၂၅၀ ကျပ်မှ ၄၀၀ ကျပ်အထိ ၀ယ်ယူလျက်ရှိပြီး နနွင်းတက်အခြောက်ပြုလုပ်ကာ တောင်သူများ၏ နနွင်းတက် အခြောက်ကို တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀ ဖြင့် ၀ယ်ယူကာ တောင်ငူမြို့ပွဲရုံများသို့ ပို့ဆောင်ရောင်းချ လျက်ရှိကြောင်း သိရသည်။

ယခင်ကာလများက ဒေသခံတောင်သူများသည် နနွင်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခဲ့ကြရာမှ စိုက်ပျိုးရေး ဦးစီးဌာန၏ အသိပညာပေးမှုနှင့်အတူ ယခုအခါမိမိတို့၏ ဥယျာဉ်ခြံမြေကွက်များတွင် နနွင်းကို စီးပွားဖြစ် တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)