Fruits & Vegetables



အိန္ဒိယကြက်သွန် တင်ပို့မှုပိတ်ပင်သဖြင့် အာရှနိုင်ငံအချို့မှာ ဂယက်ထ

အိန္ဒိယကြက်သွန် တင်ပို့မှုပိတ်ပင်သဖြင့် အာရှနိုင်ငံအချို့မှာ ဂယက်ထ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယအစုိးရ၏ ကြက်သွန်နီ တင်ပို့မှု တားမြစ်မှုသည် အာရှဝယ်လက်နိုင်ငံများတွင် ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်စေခဲ့သည်။

 

 အိန္ဒိယအစိုးရသည် လာမည့်နှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကြက်သွန်နီ တင်ပို့ရန် ခွင့်ပြုနိုင်ခြေ မရှိသဖြင့် အာရှမှ ကြက်သွန်နီ တင်သွင်းရသည့် နိုင်ငံများသည် အခြားနိုင်ငံများမှ တင်သွင်းဖို့ စီစဉ်ဆောင်ရွက်နေကြရသည်။

 ကြက်သွန်နီ တင်ပို့မှု ကမ္ဘာ့အများဆုံးနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီ အထွက်လျော့နည်းသဖြင့် ပြည်တွင်းဈေးကွက်တွင် သုံးလအတွင်း ဈေးနှုန်း နှစ်ဆကျော်တက်လာသဖြင့် ဒီဇင်ဘာလ ၈ ရက်တွင် ပြည်ပတင်ပို့မှုကို တားမြစ်ခဲ့သည်။  

ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် နီပေါနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကဲ့သို့သော အာရှဝယ်လက်များက ကြက်သွန်နီ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် အိန္ဒိယကြက်သွန်နီကို အားကိုးကြသည်။ ယခုအခါ အိန္ဒိယကြက်သွန်နီ မရသဖြင့် လက်လီဈေးနှုန်းများ ခုန်တက်ကုန်သည်။ 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမှာ နေထိုင်သူ Mousumi Akhtar က “ကျွန်တော်တို့ ချက်ပြုတ်တဲ့ ဟင်းလျာအားလုံးနီးပါးအတွက် ကြက်သွန်နီက လိုအပ်ပါတယ်။ ရုတ်တရက် ဈေးခုန်တက်ကုန်တော့ ကျွန်တော် ကြက်သွန်နီကို လျှော့ဝယ်၊ လျှော့သုံးနေရတယ်" ဟု ပြောကြားသည်။

 

အာရှနိုင်ငံများမှ ကြက်သွန်နီ တင်သွင်းမှု အားလုံး၏ ထက်ဝက်ကျော်သည် အိန္ဒိယထံမှ ဖြစ်သည်ဟု ကုန်သည်များက ခန့်မှန်းကြသည်။

ယခုအခါ အိန္ဒိယထံမှ ကြက်သွန်နီ မရတော့သဖြင့် တရုတ်နှင့် အီဂျစ်ထံမှ တင်သွင်းကြသည်။ ထိုအခါ ပြဿနာမှာ ကြက်သွန်နီသည် ပုပ်သိုးလွယ်ခြင်း ဖြစ်သည်။ အိန္ဒိယကဲ့သို့ ခရီးမနီးသဖြင့် လမ်းခရီးမှာ ပုပ်သိုးမည့်အရေး ရှိနေသည်။

 

အိန္ဒိယနိုင်ငံသည် မတ်လ ၃၁ ရက်နေ့ ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်တွင် ကြက်သွန်နီ တန်ချိန် ၂ ဒသမ ၅ သန်း စံချိန်တင် တင်ပို့ခဲ့သည်။

တန်ချိန် ၆၇၁,၁၂၅ တန်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒ်ယကြက်သွန်နီ အများဆုံး  ဝယ်ယူသူဖြစ်သည်။

 

ကြက်သွန်နီ ပြတ်လပ်မှုကို ကျော်လွှားနိုင်ရန် ဘင်္ဂလားဒေ့ရှ်သည် တရုတ်၊ အီဂျစ်နှင့် တူရကီတို့မှ တင်သွင်းနိုင်ရန် ကြိုးစားနေကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ Tapan Kanti Ghosh က ပြောကြားသည်။

အိန္ဒိယ ကြက်သွန်နီ ပိတ်ပင်ခြင်းကြောင့် ဂယက်ထပြီး ဈေးထက်ဝက်ဝန်းကျင် ခုန်တက်သွားသည်။ အစိုးရက ကြားဝင်စိုက်ထုတ်ပေးပြီး သက်သာသော ဈေးနှုန်းဖြင့် မရှိဆင်းရဲသားများကို ကြက်သွန်နီ ရောင်းချပေးသည်။ အသစ်ပေါ်သည့် ကြက်သွန်နီများ ဈေးကွက်ထဲ အလုံးအရင်းဖြင့် ဝင်လာသည့်အခါကျမှ ဈေးပြန်ကျသွားခဲ့သည်။ 


ဘင်္ဂလားဒေ့ရှ် ကြက်သွန်နီ ကုန်သည်များ သွင်းကုန်ပါမစ်ကို အသုံးမပြုတော့ရန် ဆုံးဖြတ်

https://www.foodindustrydirectory.com.mm/food-industry/fruits-vegetables/item/7328-onion.html

 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


ကုန်းတွင်းပိတ်နိုင်ငံ နီပေါတွင်လည်း ဂယက်ထသည်မှာ ပြင်းထန်သဖြင့် အခြေအနေ ဆိုးဝါးသွားသည်။ အချို့ဈေးများတွင် ရောင်းစရာ မကျအောင် ပြတ်လပ်သွားသည်။ 

 


အိန္ဒိယကို ကြက်သွန်နီ ရောင်းချပေးဖို့ နီပေါ ပန်ကြားမည်

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/7317-asia-onion.html

 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


ကြက်သွန်နီ တင်သွင်းသည့်နိုင်ငံများသည် အိန္ဒိယကြက်သွန် တင်ပို့မှု ပိတ်ပင်သဖြင့် ဈေးတက်သွားခဲ့သော တရုတ်၊ အီရန်၊ ပါကစ္စတန်နှင့် တူရကီတို့ခံမှ ပိုမိုစျေးကြီးသော ကြက်သွန်နီကို တင်သွင်းကြရလိမ့်မည်ဟု  အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင် Ajit Shah က ပြောသည်။

 

အိန္ဒိယအစိုးရက ကြက်သွန် တင်ပို့မှု ပိတ်ပင်ပြီးနောက် ပြည်တွင်းမှာ ကြက်သွန်နီ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့သည်။


အိန္ဒိယတွင် ကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်ပြီးနောက် နှစ်ပတ်အတွင်း ဈေးနှုန်း ထက်ဝက်ကျဆင်း

https://www.foodindustrydirectory.com.mm/food-industry/cuisine/india/item/7320-onion.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

အိန္ဒိယ၏ ကြက်သွန်နီ ပြည်ပတင်ပို့မှု တားမြစ်ချက်ကြောင့် သီရိလင်္ကာတွင် ကြက်သွန်နီဈေး နှစ်ဆနီးပါး တက်သွားခဲ့သည်။

 

မလေးရှားသည် အခြားသော ကြက်သွန်နီ တင်သွင်းသည့် နိုင်ငံများနည်းတူ  တရုတ်နှင့် ပါကစ္စတန်တို့ထံမှ ကြက်သွန်နီ ဝယ်ယူရန် ကြိုးပမ်းနေကြောင်း မလေးရှား စိုက်ပျိုးရေးဝန်ကြီး Seri Mohamad Sabu က ပြောကြားပါသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 23 December 2023 09:34
Rate this item
(0 votes)