Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


တောင်သမန်အင်း ရေကျချိန်တွင် မြေပဲနှင့် လယ်စိုက်ပျိုးမှုစတင်

အမရပူရမြို့နယ် တောင်သမန် အင်းထဲမှမြေများ လယ်များစတင် စိုက်ပျိုးလျက်ရှိသည်။

တောင်သမန် အင်းအတွင်းမှမြေများကို အများအားဖြင့် မြေပဲနှင့်လယ်တို့ကို အဓိက စိုက်ပျိုးကြသည်။ ရေကျသည်မှ စကာပေါ်လာသော လယ်ယာမြေများကို အစဉ်လိုက်စိုက်ပျိုး တတ်ကြသည်။

ပထမဆုံးပေါ်သည့် လယ်ကွက်များမှာမြေပဲကို ဦးစွာစိုက်ပျိုးကြသည်။နောက်မှ ပေါ်သော လယ်မြေများမှာ ရေတင်ခြင်း၊ ရေသွင်းခြင်းများ အဆင်ပြေသည့်နေရာတွင် တည်ရှိသည့် အတွက် လယ်ကို အားထားစိုက် ပျိုးလေ့ရှိသည်။
တောင်သမန်အင်းတွင် ဦးပိန်တံတားဘေး ကုန်းမြေများမှာ စတင်ပေါ်တတ်သည်။ ထိုမြေများ စတင် ပေါ်လာသည်နှင့် မြေပဲကို စိုက်ပျိုးသည့်အတွက် ဆောင်းတွင်း နှင့် နွေရာသီတွင် ဦးပိန်တံတား ဘေးမှာစိမ်းလန်းသော မြေပဲခင်းများနှင့်အတူ တောင်သမန်အင်း ရေများကိုပါ တွေ့မြင်နေရသည်။ ဒုတိယပေါ်သော မြေများမှာ တောင်သမန်အင်း မြောက်ပိုင်း လယ်မြေများနှင့် တောင်ဘက်ပိုင်းရှိ လယ်မြေများပေါ်လေ့ရှိသည်။ နွေရာသီတောင်သမန်အင်း ရေကျချိန်တွင် ပေါ်လာသမျှ လယ်ကွက်တိုင်းကို တဖြည်းဖြည်းချင်း စိုက်ပျိုးရေးလုပ်ငန်းကို ပြုလုပ်လေ့ရှိသည်။
တောင်သမန်အင်းနှင့် ဦးပိန်တံတားမှာ ရေတိုးချိန်တွင် ရေပြင်နှင့်အတူ လှေများစွာဖြင့် လှပ သကဲ့သို့ပင် ရေကျသည့် အချိန်တွင်လည်း သီးနှံများအစဉ်လိုက် စိုက်ပျိုးသည့်အတွက် စိမ်းစိုသော လယ်ကွင်းများ၊ မြေပဲစိုက်ကွင်းများ ဖြင့် လှပလျက်ရှိသည်။ တောင်သမန်အင်းမှာ ရာသီအလိုက်လှပသော နာမည်ကျော်နေရာတစ်ခု ဖြစ်နေပြီး ယခုအခါဦးပိန်တံတား ဝန်းကျင် မြေပဲခင်း၊ လယ်ခင်းများမှာ အစိမ်းရောင်လွမ်းကာ လှပလျက်ရှိပြီး ဆောင်းရာသီ ဦးပိန် တံတားအလှကို ကြည့်ရှုခံစားနိုင်ပြီဖြစ်ကြောင်း သိရသည်။
MDN

Read times
Rate this item
(0 votes)