Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲတီစိမ်းစိုက်ပျိုးမှု ဖြစ်ထွန်း၍ ဈေးကောင်းရရန် မျှော်လင့်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီးရှိ ပင်လယ်နားနီးသည့် အောက်ကွင်းကျေးရွာအုပ်စု ကျေးရွာများတွင် ယခုနှစ် ပဲတီစိမ်း စိုက်ပျိုးရာ၌

ယခင်နှစ်များကထက် စိုက်ပျိုးဧက များပြားလာပြီး စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းနေသည့်အတွက် ပဲတီစိမ်း ရိတ်သိမ်းချိန်တွင် ဈေးနှုန်းကောင်းစွာ ရရှိရန် တောင်သူများက မျှော်လင့်နေကြသည်။

ပဲတီစိမ်း စိုက်ပျိုးရာတွင် “ယခင်နှစ်က ဈေးကောင်းရရှိခဲ့၍ ယခုနှစ်တွင် စိုက်ပျိုးသူ များပြားလာပြီး ရာသီဥတု ကောင်းမွန်သည့်အတွက် မြေနိမ့်ပိုင်းရော ကုန်းမြင့်ပိုင်းပါ အပင်ထွက်နှုန်း ကောင်းမွန်ကာ ဈေးကွက်ကောင်းမွန်ရန် မျှော်လင့်ကြောင်း၊ ထွန်ယက်ရန် ထွန်စက်များလိုအပ်ကြောင်း၊ မြေကြီး သိပ်ခြောက်သွားရင် အပင်ထွက်နှုန်း မကောင်းကြောင်း၊ အခက်အခဲအနေနဲ့ မျိုးပဲ မထားနိုင်တာ ရှိကြောင်း၊ ပဲခူးဒေသဘက်မှ မျိုးပဲများကို ဈေးကြီးပေးဝယ်ရကြောင်း” သောင်ကြီးကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးသူ ဦးတင်အေး က ပြောပြသည် ။

သုဝဏ္ဏဝတီမြို့အနီးရှိ အောက်ကွင်းကျေးရွာအုပ်စု ငါးအုပ်စုအတွင်းရှိ ကျေးရွာများမှ တောင်သူများသည် စပါးနှင့် ပဲကို အဓိကထား စိုက်ပျိုးကြပြီး တောကြီးကွင်းနှင့် သောင်ကြီးကွင်းတွင် ပဲတီစိမ်း စိုက်ဧက ခြောက်ထောင်ကျော်ရှိကြောင်း သိရသည် ။


MDN

Read times
Rate this item
(0 votes)