Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရေနံချောင်းမြို့နယ်၌ ထန်းမြစ်လှိုင်လှိုင်ပေါ်လျက်ရှိ

ရေနံချောင်းမြို့နယ်၌ ထန်းမြစ်လှိုင်လှိုင်ပေါ်လျက်ရှိ myotaw.news/

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ထန်းမြစ်လှိုင်လှိုင်ပေါ်လျက်ရှိပြီး ပေါ်ဦးပေါ်ဖျားရာသီစာ အဖြစ်

စားသုံးသောကြောင့် ဝင်ငွေရနေကြောင်း သိရသည်.

တော်သလင်းလ၊ သီတင်းကျွတ်လ၌ ထန်းပင်များတွင် ထန်းသီးမှည့်ကို ထန်းပင်အောက်ကနေ ကောက်ယူပြီ မြေကြီး၌ ကျင်းတူးပြီး ထန်းသီးကိုထည့်၍ သဲဖုံးရကြောင်း နတ်တော်လထဲမှာ ထန်းမြစ်ကို တူးဖော်ပြီး ရေနံချောင်းမြို့နယ်ရှိ ကျေးရွာတချို့မှ ထန်းပင်မြစ်များ လှိုင်လှိုင်တူးဖော်နေကြပြီဖြစ်ရာ ရေနံချောင်းမြို့တွင် တစ်ပိုင်တနိုင်တင်ပို့ရောင်းချကြကြောင်း လက်ကားရောင်းသူများထံမှ သိရသည်။

ရေနံချောင်းမြို့မဈေးအနီးရှိ ပျံကျဈေး၌ ထန်းမြစ်တစ်စည်းကျပ် ၄၀၀ ကနေ ကျပ် ၅၀၀ ၊ အကြီးတစ်စည်း ကျပ် ၁၀၀၀ အထိ ရောင်းချလျက်ရှိပြီး ပေါ်ဦးပေါ်ဖျားရာသီစာအဖြစ် စားသုံးကြသောကြောင့် လက်လီရောင်းသူ များ ဝင်ငွေရနေကြောင်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)