Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာတွင် နေကြာစံပြကွက်စိုက်ပျိုးထား

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်ခင်ရန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင်

တောင်သူများလေ့လာနိုင်ရန် ရေဆင်းစပ်မျိုးနေကြာ(၁)ကို စံပြကွက်အဖြစ် စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ရိုးရိုးနေကြာမှာ နေကြာတစ်တင်း ဆီကျိတ်လျှင် ဆီ နှစ်ပိဿာ ငါးဆယ်ကျပ်သားသာ ရပြီး စပ်မျိုးနေကြာမှာ ဆီ လေးပိဿာငါးဆယ်ကျပ်သားအထိ ရနိုင်ပါတယ်၊ တစ်ဧကအထွက်နှုန်းလည်း ကောင်းပါတယ်၊ ဂန့်ဂေါမြို့နယ်အတွင်း စပ်မျိုးနေကြာကို ဆောင်းရာသီတွင် နှစ်စဉ် ဧက ၂၅၀ မှ ၃၀၀ ကျော် အထိ စိုက်ပျိုးနေကြပါပြီ၊ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရေး စံပြကွက်များ စိုက်ပျိုးပြသရခြင်းဖြစ်ပါ တယ်” ဟု တောင်ခင်ရန်းကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးဗိုလ်မောင်က ပြောသည်။
အဆိုပါနည်းပညာပြန့်ပွါးရေးစင်တာတွင် လေ့လာကြည့်ရှုနိုင်ရန် ဖောငမြှောင်တောင်၊ ကန္တာရ ကျိုင်းကောင်နှင့် ကော်ဖီနှံကောင်အကြောင်း သိကောင်းစရာ နံရံကပ်ပိုစတာများ၊ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ် သုံးစွဲနည်းနှင့် စိုက်ပျိုးရေးနည်းပညာပေး နံရံကပ်ပိုစတာများကိုလည်း စင်တာ အဆောက်အအုံတွင် ကပ်ထားသည်။ တောင်သူများ စာတွေ့ လက်တွေ့လေ့လာနိုင်ကြရန် နှမ်း၊ စပ်မျိုးနေကြာ၊ ပဲတီစိမ်း စသည်ဖြင့် မျိုးကောင်း မျိးသန့်များစိုက်ပျိုး၍ တောင်သူများထံ ဖြန့်ဖြူး ပေးခြင်း၊ သီးနှံစမ်းသပ်ကွက် စံပြကွက်များ စိုက်ပျိုးပြသခြင်း၊ ပညာပေးသင်တန်းနှင့် နည်းပညာ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းတို့ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ပြီးခဲ့သည့်သီတင်းပတ်က အဆိုပါစင်တာရှေ့ မြင်သာသောနေရာ၌ ပြောင်းလဲလာသည့်ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးနည်းစနစ်များ ပညာပေး မြေစိုက်ပိုစတာကို စိုက်ထူထားကြောင်း သိရသည်။

MDN

Read times
Rate this item
(0 votes)