Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေပဲသီး(ခေါ်) ဂေါ့ပဲသီး အထွက်နှုန်းတိုးပြီး စျေးကောင်း၍ အမြတ်ငွေပိုမိုရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများမှတောင်သူ အချို့သည်

ဒေါင်းမြူးချောင်းကိုအခြေခံ၍ရွှေပဲသီး(ခေါ်) ဂေါ့ပဲသီးကိုစိုက်ပျိုးလျက်ရှိရာ လူကြိုက်များလာပြီး စနစ်တကျစိုက်ပျိုးသဖြင့် အထွက်နှုန်းများယခင်နှစ်များ ထက်ပိုမိုထွက်ကာအမြတ်ငွေများပိုမိုရရှိကြောင်း သိရသည်။

"ရွှေပဲသီး(ခေါ်)ဂေါ့ပဲသီးကိုနှစ်တိုင်းဧကဝက်ခန့်စိုက်ပျိူးပါတယ်။ ဟိုယခင်နှစ်များတွင်ရွှေပဲသီးကိုစက်ခုတ်၊ နွား နှင့်ထယ်ထိုးပြီးမျိုးကြဲပက်ခါမြေဖုံး၍ စိုက်ပျိုးလေ့ရှိပါတယ်။ ယခုနောက်ပိုင်းမှာတော့ ရွှေပဲသီးကိုလူကြိုက်များလာ ၍စျေးကောင်းသဖြင့် စနစ်တစ်ကျစိုက်ပျိုးခဲ့ပါတယ်။ ဟိုယခင်ကြဲပက်တုန်းကဆိုဧကဝက်ခန့်ကို နှစ်ရက်ခြားတစ်ခါ ကောက်ကိုမှအချိန် ၂၀ လောက်ပဲရပြီး တစ်ပိဿာ ၁၀၀၀ ကျပ်သာရောင်းချရပါတယ်။ ယခုက ၀ ဒသမ ၂၅ ဧကစိုက် ကိုတစ်ပင်နှင့်တစ်ပင်ကြား၁ပေ၊ အတန်းကြား၁ပေခွဲဖြင့်စနစ်တကျစိုက်ပျိုးခဲ့သဖြင့် စုစုပေါင်းကုန်ကျစရိတ်က ၂သောင်းခွဲခန့်သာကုန်ကျပြီး နှစ်ရက်ခြားတစ်ခါကောက်ကိုအချိန် ၂၀ မှ ၃၀ ပိဿာအထိရရှိပြီး ၁ ပိဿာကို ၂၀၀၀ကျပ် ရောင်းရသည့်အတွက် အထွက်နှုန်းတိုးပြီးစျေးကောင်းရရှိသည့်အတွက် အမြတ်ငွေပိုမိုရရှိပါတယ်"ဟုအုပ်ဖိုကျေးရွာမှဒေါ်ညွှန့်ရီကပြောပြသည်။

အဆိုပါ ကျေးရွာများတွင်ရွှေပဲသီးကိုတောင်သူအများစုကစိုက်ပျိုးကြသော်လည်း တစ်ဦးလျှင်အများဆုံးအဖြစ် ဧကဝက်ခန့်ထိသာစိုက်ပျိုးကြပြီး၊ တစ်မျိုးတည်းစိုက်ပျိုးခြင်းထက်သီးနှံမျိုးစုံကို မျှတစွာစိုက်ပျိုးခြင်းကပိုမိုများပြီး၊သီးနှံတစ်မျိုးစျေးမကောင်းပါက အခြားစျေးကွက်ကောင်းသောသီးနှံဖြင့် အကျိုးအမြတ်ပြန်ရရှိရန်ရည်ရွယ်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ ရွှေပဲသီး(ခေါ်)ဂေါ့ပဲသီးသည်အရင်းအနှီးအနည်ငယ်၊ မြေအကျယ်အဝန်းအနည်းငယ်ဖြင့် စိုက်ပျိုး နိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

myotaw.news

Read times
Rate this item
(0 votes)