Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြစ်သာမြစ်ဘေးတွင် ဟင်းသီး ဟင်းရွက်ခင်းများ စိုက်ပျိုးရေး စတင်

မြစ်သာမြစ်သည် တောင်ဘက်အရပ်ဒေသမှ မြောက်ဘက်အရပ်ဒေသသို့ ဂန့်ဂေါမြို့နယ်ကို အလျားလိုက် ဖြတ်သန်းစီးဆင်းပြီး

ကျေးရွာများစွာသည် မြစ်ကမ်းဘေးတွင်ရှိနေရာ ရေနည်းချိန်ဖြစ်သည့် ဆောင်းကာလတွင် ဒေသနေပြည်သူများသည် မြစ်ကမ်းဘေး ကိုင်းမြေများ၌ မြစ်ရေကို စက်ဖြင့်စုပ်တင်၍ ဟင်းသီးဟင်းရွက်ခင်း များကို နှစ်စဉ်စိုက်ပျိုးကြသည်။

ထိုသို့စိုက်ပျိုးကြရာတွင် " စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းအောင်၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ကို ထိခိုက်မှုလဲမရှိအောင် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းပြီး တောင်သူများနဲ့ တွေ့ဆုံပြီးတော့ အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပါတယ် " ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမွူး ဦးမြင့်ဇော် က ပြောသည်။

စိုက်ပျိုးကြသည့် သီးနှံအများစုမှာ ဆလတ်၊ မုံညင်း၊ ဂေါ်ဖီထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ တိုင်ထောင်ပဲ စသည်တို့ဖြစ်ပြီး ပိုလျှံပါက မိသားစုဝင်ငွေအတွက် ရောင်းချကြသည်ဟု သိရသည်။
MDN

Read times
Rate this item
(0 votes)