Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


တော်ဝင်သဇင်ပန်းစိုက်ပျိုးရောင်းချသူများ အွန်လိုင်းကို အဓိကထားရောင်းချနေရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဖြစ်စဉ်ကြောင့် ပွဲလမ်းသဘင် ကျင်းပမှု နည်းပါးသဖြင့် တော်ဝင်သဇင်ပန်းများကို

ဝယ်ယူသူနည်းပါးလျက်ရှိကာ စီးပွားဖြစ် စိုက်ပျိုးရောင်းချကြသူများမှာလည်း ယခင်နှစ်များလောက် ရောင်းအားမကောင်းကြောင်းနှင့် အွန်လိုင်းကိုသာအဓိကထား ရောင်းချနေရကြောင်း သဇင်ပန်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

“အခုက မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါဖြစ်နေတာကြောင့် အရင်နှစ်တွေက‌လောက် ရောင်းအားမကောင်းဘူး။ အရင်နှစ်ကဆိုရင် ဒီလို ဒီဇင်ဘာလ သဇင်ပန်းတွေလှိုင်လှိုင်ပွင့်ချိန်မှာ တစ်နေ့ကို သဇင်ပန်းအခက်ရေ တစ်ရာကျော် နှစ်ရာအထိ‌ရောင်းရတယ်၊၊ ငွေကြေးအနေနဲ့တော့ တစ်သိန်း၊ နှစ်သိန်းဖိုး အထိ‌ရောင်းရတယ်၊၊ ခုက ပွဲလမ်းသဘင်တွေလည်း သိပ်မရှိလို့ အွန်လိုင်းကိုပဲ အဓိကထား ရောင်းချနေရတယ်၊၊ ပြီးတော့ အရင်နှစ်တွေက သဇင်ပန်းတစ်ခက်ကို တစ်ထောင် ကျပ်နဲ့ရောင်းချခဲ့ပေမယ့် ဒီနှစ်မှာတော့ ငွေကျပ် ၇၀၀၊ ၈၀၀နဲ့ပဲ ရောင်းချရပါတယ်၊၊ ဈေးကွက်အနေနဲ့ကတော့ ကျောက်ဖြူမြို့က နယ်တွေ၊ မြို့ပေါ်ဈေးတွေအပြင် တောင်ကုတ်တို့၊ ရမ်းဗြဲတို့အထိ တင်ပို့ရောင်းချနေပါတယ်” ဟု သဇင်ပန်းစိုက်ပျိုးသူ တောင်ရင်းရပ်ကွက်မှ ဦးသန်းလှိုင်က ပြောသည်။

သဇင်ပန်းသည် သစ်ခွမျိုးနွယ်ဝင်ပန်းတစ်မျိုးဖြစ်ပြီး နတ်တော်-ပြာသိုလတွင်ပွင့်ကာ ပန်းများစွာထဲတွင် ထူးမြတ်ပြီး ကြာရှည်ခံသည့် တော်ဝင်ပန်းတစ်မျိုးဖြစ်သည်။ တော်ဝင်သဇင်ပန်းကို ဘုရားပန်း တင်ရာတွင်လည်းကောင်း၊ ပွဲလမ်းသဘင်သွားရာတွင်လည်းကောင်း အမျိုးသမီးများ မြတ်နိုးစွာဖြင့် တန်ဖိုးထားပန်ဆင်ကြသည်။

 

MDN

 

Annotation_2021-01-15_101618.jpg

Read 956 times
Rate this item
(0 votes)