Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ယူကရိန်းဂယက် မလေးရှား စားအုန်းဆီကြမ်း ရင်းဂစ် ၇,၀၀၀ ကျော် စံချိန်သစ်တင်

ယူကရိန်းဂယက် မလေးရှား စားအုန်းဆီကြမ်း ရင်းဂစ် ၇,၀၀၀ ကျော် စံချိန်သစ်တင်


ယူကရိန်းဂယက်ကြောင့် အခြားစားသောက်ကုန်ပစ္စည်းများနည်းတူ စားအုန်းဆီကြမ်းcrude palm oil (CPO) ဈေးနှုန်လည်း ဈေးခုန်တက်ပြီး တစ်တန်လျှင် ရင်းဂစ် ၇,၀၀၀ ဝန်းကျင်သုိ့ မကြုံစဖူး ရောက်ရှိခဲ့ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မတ်လအတွက် CPO တစ်တန် ကြိုပွိုင့်ဈေးနှုန်း ရင်းဂစ် ၇၀၉၃ ဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ဈေးပိတ်ခဲ့ပါတယ်။ ၂၀၂၂ ဧပြီလအတွက် CPO တစ်တန် ကြိုပွိုင့်ဈေးနှုန်း ရင်းဂစ် ၆,၇၈၆ ဖြင့် ဈေးပိတ်ခဲ့ပါတယ်။
မေလကြိုပွိုင့်ဈေးနှုန်း ရင်းဂစ် ၆,၄၅၈ ဖြင့် ဈေးပိတ်ခဲ့ပါတယ်။
စားအုန်းဆီကြမ်း ဈေးတက်တာက ကာလတို ရင်းနှီးမြှုပ်နှံသူများနှင့် ဈေးကစားသူများက စားအုန်းဆီကြမ်း ထုတ်လုပ်မှုလျော့ကျပြီး မလုံမလောက် ဖြစ်နေတာကို အခွင့်ကောင်းယူဖို့ ဝယ်ယူကြတာကြောင့် ဈေးခုန်တက်ကုန်ကြောင်း Rakuten Trade Sdn Bhd မှ သုတေသနဌာန ဒုဌာနမှူး Thong Pak Leng က ပြောကြားပါတယ်။
"CPO အကျပ်အတည်း ဆက်ရှိနေဦးမှာ ဖြစ်ပြီး ကာလတိုနှင့် ကာလလတ် ဝယ်ယူလိုမှုများ ဆက်ရှိနေဦးမယ်" လို့ ၎င်းက ပြောပြပါတယ်။
"စိုက်ခင်းသမားတွေအဖို့ ဈေးကောင်းရလို့ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်" လို့ ၎င်းက ပြောပြပါတယ်။
CPO ဈေးအမြင့်က ကာလရှည် တည်တံ့မှာ မဟုတ်ဘူးလို့ ၎င်းက သုံးသပ်ပါတယ်။

Read 814 times
Rate this item
(0 votes)