Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသော ချင်း(ဂျင်း)အသစ်များအား အရည်အသွေးများခွဲခြားပြီး ပြည်ပသို့တင်ပို့လျက်ရှိ

ယခုလက်ရှိ ချင်း(ဂျင်း)အသစ်များ ပေါ်ချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိသော ချင်း(ဂျင်း)အသစ်များကို အရည်အသွေးများ ခွဲခြားပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ထိုသို့ တင်ပို့ရာတွင် ပြည်တွင်းရှိ ဝယ်လက်ကုမ္ပဏီများ မှတစ်ဆင့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မလေးရှားနှင့် ဂျပန် စသည့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသို့ တင်ပို့ရာတွင် ချင်း(ဂျင်း)အရွယ်အစားကြီးမားခြင်း၊ အစိုဓာတ် ရေရှည်ထိန်းထားနိုင်ခြင်း၊ မှိုကင်း စင်ပြီး အကျိုးအပဲ့မရှိခြင်း စသည့် အရည်အသွေးများနှင့် ပြည့်စုံသော ပထမတန်းစား ချင်း(ဂျင်း)များကိုသာ တင်ပို့နေရကြောင်း အောင်ပန်းမြို့နယ် ချင်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်းစုမှ သိရသည်။

လက်ရှိ ချင်း(ဂျင်း)ဈေးနှုန်းများမှာ ပထမတန်းစားချင်း(ဂျင်း) တစ်ပိဿာလျှင် မြန်မာငွေ ၁၈၀ဝ ကျပ်၊ ဒုတိယ တန်းစားချင်း (ဂျင်း) တစ်ပိဿာလျှင် ၁၆၀ဝ ကျပ်၊ တတိယတန်းစားချင်း(ဂျင်း) တစ်ပိဿာလျှင် ၁၄၀ဝ ကျပ်နှင့် စတုတ္ထတန်းစားချင်း(ဂျင်း) တစ်ပိဿာလျှင် မြန်မာငွေ ၁၂၀ဝ ကျပ် စသည်ဖြင့် အသီးသီးပေါက်ဈေးရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကလော၊ အောင်ပန်း၊ ဟိုပုံး၊ ပင်လောင်း၊ ပင်းတယ၊ တောင်ကြီး စသည့်မြို့နယ်များ၌ ချင်း(ဂျင်း)အများဆုံးစိုက်ပျိုး ကြပြီး ထွက်ရှိလာသောချင်း(ဂျင်း)များကို အောင်ပန်းမြို့သို့ တင်ပို့ကာ ၎င်းမှတစ်ဆင့် ရန်ကုန်၊ စစ်တွေ၊ မန္တလေးနှင့် တခြားမြို့များရှိ ဈေးကွက်များအပြင် ပြည်ပနိုင်ငံတချို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ချင်းစိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေပြင်ဆင်ခြင်းများကို မတ်လနှင့် ဧပြီလအတွင်း ဆောင်ရွက် ကြပြီး မေလနှင့် ဇွန်လတွင် စတင် စိုက်ပျိုးကြကြောင်း၊ ထို့နောက် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ချင်း(ဂျင်း)ပင်များကို ပြုစုစောင့်ရှောက်ကြပြီး ဇန်နဝါရီလမှ မတ်လအတွင်း ချင်း(ဂျင်း)များကို တူးဖော်ကာ ရောင်းချလေ့ရှိကြောင်း သိရသည်။

Myotaw.news

Read times
Rate this item
(0 votes)