Fruits & Vegetables



ဗီယက်နမ်ဒူးရင်းသီး အများစု တရုတ်ဈေးကွက်သို့ တင်ပို့

ဗီယက်နမ်ဒူးရင်းသီး အများစု တရုတ်ဈေးကွက်သို့ တင်ပို့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ဟီခိုခရိုင်သည် ဗီယက်နမ်နိုင်ငံ နယ်စပ်တွင် တည်ရှိပြီး ဗီယက်နမ်ဒူးရင်းသီးများ တင်သွင်းသည့်  အချက်အချာတခု ဖြစ်သည်။ 

ဗီယက်နမ်ဒူးရင်းသီးများ တင်သွင်းမှု  အားကောင်းနေပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုကို မြှင့်တင်ပေးလျက် ရှိသည်။

 

ယမန်နှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံသည် ဗီယက်နမ်ဒူးရင်း လတ်လတ်ဆတ်ဆတ်များ တင်သွင်းမှုကို စတင်ခွင့်ပြုခဲ့သည်။

ထိုစဉ်မှာ စ၍ ဗီယက်နမ်ဒူရင်းသီးများ တရုတ်ဈေးကွက်ထဲသို့ အလုံးအရင်းဖြင့် စီးဝင်လာသည်။ ဟီခိုမှ ကုန်းတွင်းဆိပ်ကမ်းသည် ၍ ဗီယက်နမ်ဒူရင်းသီးများ ဖြန့်ချိရေးအတွက် အဓိကကျသည့် နေရာတခု ဖြစ်လာသည်။ 

 

ဗီယက်နမ်နိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်  ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဒူးရင်းသီး အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံဖိုး တင်ပို့ခဲ့ရာ၌ ကန်ဒေါ်လာ ၁.၉ ဘီလီယံဖိုးသည် တရုတ်ပြည်သို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

 

 လက်ရှိတွင် တရုတ်နိုင်ငံသည် ဗီယက်နမ်ဒူးရင်းသီး တင်ပို့ရန် အဓိက ဈေးကွက် ဖြစ်သည်။

 

ဗီယက်နမ်တွင် တရုတ်နိုင်ငံသို့ ဒူရင်းသီးများ တင်ပို့ရန် အရည်အချင်းပြည့်မီသည့်  ဒူးရင်း စိုက်ပျိုးဧရိယာ ၄၂၂ ခုနှင့် ဒူရင်းထုပ်ပိုးမှုစက်ရုံ ၁၅၃ ခုရှိသည်။ 

 

 တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ဒူရင်းသီး စားသုံးမှု အများဆုံး နိုင်ငံ ဖြစ်ပြီး ပြည်တွင်း ဒူရင်းသီး စားသုံးမှုကို အရှေ့တောင်အာရှ နိုင်ငံအချို့မှ တင်သွင်းပြီး ဖြည့်တင်းသည်။ 

 

Hekou Sutao Trading Company ၏ အထွေထွေမန်နေဂျာ Han Tao သည် ၂၀၁၈ ခုနှစ်မှာ ဟီခိုတွင်  သစ်သီးတင်သွင်းခြင်းလုပ်ငန်းကို စတင်ခဲ့သည်။

 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဗီယက်နမ်ဒူးရင်းသီးများကို ပထမအသုတ် စတင်တင်သွင်းခဲ့သည်။

“ကျွန်တော်တို့က Ri-6 လို့ခေါ်တဲ့ ဒူရင်းအမျိုးအစားကို အဓိကအားဖြင့် တင်သွင်းပါတယ်။  တရုတ်လို 'gan yao' လို့ ခေါ်ပါတယ်။ စားတဲ့အခါ ပထမတစ်ကိုက်မှာ အရသာက နည်းနည်းသက်တယ်။ ပြီးမှ အချို့အဆိမ့်အရသာတွေ ရလာတယ်။ ခံတွင်းတခုလုံး ဒူရင်းအနံ့အရသာတွေ စွဲကျန်ရစ်တယ်" ဟု သူက ပြောပြသည်။

 

ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီး တန်ချိန် ၆၀၀ ခန့် တင်သွင်းခဲ့ကြောင်း ဟန်က ပြောသည်။ တရုတ်ပြည် အနယ်နယ် အရပ်ရပ်သို့ ပေးပို့ပြီး ရောင်းချလျက် ရှိသည်။ 

 

“ထိုင်းက ဒူးရင်းနဲ့ ယှဉ်ရင် ဗီယက်နမ်ဒူးရင်းက အတော်လေး ဈေးသက်သာတယ်။ ဈေးမကြီးပေမဲ့  အရည်အသွေး၊ အရသာနဲ့ ပုံသဏ္ဍာန်အားလုံးက တမူ ထူးခြားပါတယ်။ ဒီတော့ ဝယ်စားရတာ အရမ်းတန်နေတယ်" ဟု ဟန်က ပြောသည်။

 

Hekou Port တွင် အကောက်ခွန် ရှင်းလင်းရေးကို မြန်ဆန်အောင် စီမံပေးထားသည်။ စိုက်ပျိုးရေး ထုတ်ကုန်များအတွက် 'green channel' ထားရှိသည်။ လတ်ဆတ်နေဖို့ လိုအပ်သော စိုက်ပျိုးရေး ထုတ်ကုန်များ၊ ပုပ်သိုးပျက်စီးလွယ်သော စိုက်ပျိုးရေး ထုတ်ကုန်များအတွက် တရက် ၂၄ နာရီ၊ တပတ် ၇ ရက် လုပ်ကိုင်ပေးသည်။ ဦးစားပေး လုပ်ကိုင်ပေးလျက်ရှိသည်ဟု Hekou Custom မှ အရာရှိ Qin Jian က ‌ပြောကြားသည်။

 

Source nationthailand


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 16 December 2023 00:35
Rate this item
(0 votes)