Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဆားချောထုတ်လုပ်ငန်းများ ထုတ်လုပ်မှုလျော့ကျ

ဆားကြမ်းမှ ဆားချောချက်ထုတ်လုပ် သည့် တစ်နိုင်တစ်ပိုင် မိသားစုလုပ်ငန်း များ မကွေးမြို့တွင်ရှိနေပြီး

မြို့တွင်း ဈေးများသို့ နေ့စဉ် ဆားပိဿာချိန် ၂၅၀ ခန့် ထုတ်လုပ်ရောင်းချနေရာမှ ကိုဗစ်-၁၉ ရောဂါကာလတွင် ပိဿာ ၁၀၀ ခန့် လျှော့ချထုတ်လုပ်နေရ ကြောင်း အောင်မေတ္တာ (ဘူတာ) ရပ်ကွက်ရှိ ဆားချက်လုပ်ငန်းမှ သိရသည်။
“အောက်ပြည် အောက်ရွာက မော်တော်တွေနဲ့ ဆားကြမ်းတွေလာ ရောင်းပါတယ်။ မြို့ပေါ်ကပွဲရုံတွေမှာ လည်း ဝယ်လို့ရတယ်။ ဆားအကြမ်း ကိုချက်ပြီး ဆားချောပြန်ထုတ်တာပါ။ ကိုဗစ်-၁၉ ရောဂါကာလမတိုင်ခင်က တော့ တစ်နေ့ကို ပိဿာ ၂၅၀ ကျော် ထုတ်တယ်။ အခု ကိုဗစ်-၁၉ ရောဂါ ကာလမှာ ကျောင်းတွေပိတ်ထားတော့ စားသောက်ဆိုင်တွေကလည်း ဆား သုံးစွဲတာ လျော့သွားတယ်။ တစ်ရက် ကို အချိန် ၁၅၀ ကျော် လောက်ပဲချက် ဖြစ်တယ်” ဟု ဆားချောလုပ်ငန်း လုပ်ကိုင်သူ ဒေါ်အေးဝေက ပြော သည်။
ဆားကြမ်းပိဿာ ၅၀ ချက်လျှင် ဆားချော ၄၆ ပိဿာခန့် ပြန်ရပြီး အိုင်အိုဒင်းထည့်၊ တံဆိပ်ကပ် ထုပ်ပိုး ကာ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ ဈေးဖြင့် မြို့ပေါ်ရှိဈေးများသို့ ဖြန့်ချိ ကြောင်း ဇမ္ဗူထွန်းဆားချက်ဖိုပိုင်ရှင် ဦးခင်မောင်မြင့်ထံမှ သိရသည်။

Read times Last modified on Sunday, 17 January 2021 19:23
Rate this item
(0 votes)