Fruits & Vegetables



အင်ဒိုနီးရှား ဆီအုန်းစိုက်ခင်း ဟက်တာ ၂ သိန်းကို သစ်တောများအဖြစ်သို့ ပြန်ပြောင်းလဲမည်

အင်ဒိုနီးရှား ဆီအုန်းစိုက်ခင်း ဟက်တာ ၂ သိန်းကို သစ်တောများအဖြစ်သို့ ပြန်ပြောင်းလဲမည်

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှားနိုင်ငံတွင် သစ်တောများအဖြစ်သတ်မှတ်ထားသော ဧရိယာများမှာ တွေ့ရှိရသည့် ဆီအုန်းစိုက်ခင်း ဟက်တာ ၂ သိန်း(၄၉၄,၂၁၀ ဧက) ခန့်ကို သစ်တောအဖြစ်သို့ ပြန်လည်ရောက်ရှိစေမည်ဟု အစိုးရက ပြောကြားသည်။

 

စားအုန်းဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်တင်ပို့ရောင်းချသည့် အင်ဒိုနီးရှားသည် သစ်တောများဟု ယူဆရသည့် ဧရိယာများတွင် လုပ်ကိုင်နေသော စိုက်ခင်းများကုိ အ‌ေရးယူနိုင်စေရန် ၂၀၂၀ ခုနှစ်တွင် စည်းမျဉ်းများ ထုတ်ပြန်ခဲ့သည်။

 ကုမ္ပဏီများသည် ၎င်းတို့၏ စိုက်ခင်းတွင် စိုက်ပျိုးခွင့် ရရှိရန်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက် နောက်ဆုံးထားပြီး စာရွက်စာတမ်းများ တင်ပြကာ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း အဆိုပါ စည်းမျဉ်းများတွင် ပြဋ္ဌာန်းထားသည်။

လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူများကို ဖော်ထုတ်ပြီး အရေးယူမည် ဖြစ်သည်။

 

အင်ဒိုနီးရှားတွင် ဆီအုန်းစိုက်ခင်း ဟက်တာ ၁၇ သန်းနီးပါး ရှိပြီး ဟက်တာ ၃ ဒသမ ၃ သန်း (ဧက ၈ ဒသမ ၁ သန်း) သည်  သစ်တောများအတွင်း စိုက်ပျိုးထားခြင်း ဖြစ်သည်။ 

ယင်းတို့အနက် ဟက်တာ ၁.၆၇သန်းကိုသာ ပိုင်ရှင်များ ဖော်ထုတ်သိရှိထားသည်ဟု သစ်တောရေးရာဝန်ကြီးဌာန အထွေထွေ အတွင်းရေးမှူး Bambang Hendroyono က ပြောကြားသည်။

 

 အစိုးရက အမျိုးအစား နှစ်မျိုး ခွဲခြားပြီး စာရင်းပြုစုနေဆဲ ဖြစ်သည်။ တစ်မျိုးမှာ သစ်တောများအတွင်း တွေ့ရှိရသော စိုက်ခင်းများအတွက် ပိုင်ရှင်များက ဒဏ်ကြေးပေးဆောင်ပြီး ဆက်လက်စိုက်ပျိုးနိုင်သည်။

နောက်တမျိုးမှာ သဘာဝထိန်းသိမ်းရေး သစ်တောနယ်မြေများတွင် ရှိနေသည့် စိုက်ခင်းများသည် ဒဏ်ကြေးပေးဆောင်ပြီး နိုင်ငံတော်သို့ စိုက်ခင်းဧရိယာကို မဖြစ်မနေ ပြန်လည်အပ်နှံရမည်။ ဆက်လက်လုပ်ကိုင်ခွင့် မရှိချေ။ 

ထိုသို့ ပြန်အပ်နှံရမည့် စိုက်ခင်းများသည် ဟက်တာ ၂ သိန်းခန့် ရှိမည်ဟု ၎င်းက ခန့်မှန်းသည်။

 

“ကာကွယ်ထားတဲ့ သစ်တောတွေနဲ့ ထိန်းသိမ်းရေးသစ်တောတွေမှာ ရှိနေတဲ့သူတွေကို ဒဏ်ကြေးပေးဆောင်‌စေပြီးရင် အစိုးရက သစ်တောများအဖြစ်သို့ ပြန်ပြောင်းလဲလိုပါတယ်"ဟု Bambang က ပြောကြားသည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Thursday, 02 November 2023 08:03
Rate this item
(0 votes)