Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကနေဒါနိုင်ငံတွင် အပူလှိုင်း Okanagan ကြောင့် သီးနှံများအတွက် အန္တရာယ်ရှိနေ

ကနေဒါမှ လက်ရှိအပူလှိုင်းသည် Okanagan သစ်သီးသီးနှံများအတွက် အန္တရာယ်များသော အခြေအနေကို ဖြစ်နေသည်ဟုသိရသည်။ အပူနှင့်နေရောင်ခြည်သည် ချိုသောအသီးများဖြစ်စေနိုင်သော်လည်း သီးနှံများပျက်စီးမှုများ ဖြစ်စေနိုင်သည်။ စိုက်ပျိုးသူများအနေဖြင့် ထိုသို့ရေရောင်ခြည်ကောင်းကောင်းရသော နေရာတွင် စိုက်ပျိုးရန်မျှော်လင့်နေကြသည်။

Alan Gatzke က Oyama ဥယျာဉ်ခြံရှိ ပန်းသီးအချို့သည် အပူဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည်။ ပန်းသီး၏အသားပေါ်ရှိ အညိုရောင်အစက်အချို့ကို ထိုအညိုရောင်အစက်များသည် နေရောင်ခြည် ဒဏ်ကြောင့် ဖြစ်သည်ဟု သိရသည်။ ကောက်ပဲသီးနှံများကို ကာကွယ်ရန် လုပ်ဆောင်နေသော်လည်း အပူလှိုင်းကြောင့်ပျက်စီးမှုအချို့ စတင်မြင်တွေ့နေရသည်။

"ကျွန်တော်တို့ရဲ့ စတော်ဘယ်ရီကို ဒီအပူထဲမှာ အချိန်တာ်တော်ကြာကြာထားကြည့်ဖူးပါတယ်။ ရာသီဥတုသာယာ လာတာနဲ့အမျှ သစ်သီးသစ်သီးတွေဟာ ရာသီဥတုနှင့် လိုက်ရောညီထွေဖြစ်လာလိမ့် မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်" ဟု Gatzke ကို ပြောကြားခဲ့သည်။ ချယ်ရီသီးများတွင် အစောပိုင်းတွင် နေအပူရှိန်လောင်ကျွမ်းမှုအချို့တွေရှိပြီ အပူချိန်မြင့်မားသော ဇီဝဗေဒဆိုင်ရာသက်ရောက်မှုကိုကြုံတွေရသည်။ ထို့ကြောင့်သီးနှံများစေသည်။

BC သီးနှံစိုက်ပျိုးသူများအသင်းက သီးနှံဆုံးရှုံးမှု သတင်းများမရှိသေးသော်လည်း ရာသီဥတုပူခြင်းက စက်မှုလုပ်ငန်းလုပ်သားရှားပါးမှုကို ပိုမိုဆိုးရွားစေနိုင်သည်ဟုပြောကြားခဲ့သည်။ ပစိဖိတ်အနောက်မြောက် ရာသီဥတုအပူသည် ကောက်ပဲသီးနှံများနှင့် လယ်သမားများအပေါ် ထိရောက်မှုရှိလာနိုင်သည်။ ပစိဖိတ်အနောက်မြောက်ရှိ ချယ်ရီသီးများကို ကြီးထွားစေဖို့ ယခုနှစ်တွင် အပူလှိုင်းကြောင့် သီးနှံများမည်သို့ဖြစ်လာမည်ကို စိုးရိမ်ရသည်။ ဝါရှင်တန်ပြည်နယ်အသီးသီးရှိ ကော်မတီဝင်များသည် ဇွန်လ၏ သမိုင်းဝင်အပူလှိုင်းကြောင့် ကောက်ပဲသီးနှံများအပေါ် ဒေါ်လာသန်းနှင့်ချီ အကျိုးသက်ရောက်မှုကို စုံစမ်းရန်လုပ်ဆောင်နေသည်။

“ဒီလောက်ပူလာတာ တစ်ခါမှမမြင်ဖူးဘူး။ တနင်္ဂနွေတွင် ရိတ်သိမ်းထားတဲ့ ချယ်ရီသီးများသည် အရည်အသွေးကောင်းနေဆဲဖြစ်ကြောင်း NW Cherry စိုက်ပျိုးသူများ၏ ဥက္ကဌ ဖြစ်သူ BJ Thurlby ကပြောကြားခဲ့သည်။ ယခုနှစ် သီးနှံခန့်မှန်းခြေအားဖြင့် မက်ထရစ်တန်ချိန် ၂၃၀,၀၀၀ ခန့်ရှိပြီး အများစုကို ဝါရှင်တန်နှင့် အော်ရီဂွန်တွင် စိုက်ပျိုးကြသည်။ ၎င်းသည်ဒေသဆိုင်ရာနှင့် ဒေသဆိုင်ရာတောင်သူလယ်သမားများအတွက် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသည်။ ၁၀၀ ဒီဂရီ အပူချိန်သည် အသီးအနှံသီးနှံများကို ပျက်စီးစေနိုင်မလားဆိုတာကို သောကြာနေ့ သတင့်ကို စောင့်မျှော်ကြရမှာ ဖြစ်သည်။

လာမည့် သီတင်းပတ်အတွင်း ဝါရှင်တန်နှင့် အလယ်ပိုင်းအော်ရီဂွန်ပြည်နယ်များတွင် အပူချိန်အနည်းဆုံး ၁၀၀ ဒီဂရီရှိနိုင်တယ်လို့ ခန့်မှန်းရသည်။ အချို့သောခြံတွေက ကြိုတင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေသည်။ ချယ်ရီဥယျာဉ်များတွင် Thurlby က နေ့လယ်အပူချိန်အလွန်ပူပြင်းခြင်းကို ရှောင်ရှားနိုင်ရန်အတွက် တစ်ညလုံး သီးနှံများကို ရိတ်သိမ်းနေကြသည် ဟု သီးနှံစိုက်ပျိုးသူများက ပြောကြားခဲ့သည်။

 

Ref: freshplaza

Read times Last modified on Thursday, 01 July 2021 16:02
Rate this item
(0 votes)