Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်ကျစရိတ်မြင့်တက် စားအုန်းဆီ ဈေးဆက်လက်မြင့်တက်

ကုန်ကျစရိတ်မြင့်တက် စားအုန်းဆီ ဈေးဆက်လက်မြင့်တက်

ကမ္ဘာ့စားအုန်းဆီ အများဆုံး ထုတ်လုပ်သော အင်ဒိုနီရှားပြီးလျှင် ဒုတိယ ကမ္ဘာ့အများဆုံး စားအုန်းဆီ ထုတ်လုပ်သော မလေးရှားနိုင်ငံမှာ လုပ်သား မလုံလောက်သည့် ပြဿနာ ကြီးမားနေပါတယ်။ ကိုဗစ်ကြောင့် လုပ်သားအင်အား လျော့ကျတဲ့အပြင် အလုပ်သမားအသစ် ရဖို့ ဈေးကြီးနေပါတယ်။ အမေရိကန်က မတရားသဖြင့် စေခိုင်းမှုများ ရှိနေတယ်လို့ စွပ်စွဲထားတဲ့အရေးလည်း ရှိနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရက စားအုန်းဆီ တင်ပို့မှုအပေါ် ပို့ကုန်ခွန်များ တိုးမြှင့်ကောက်ခံတဲ့အတွက် ရောင်းဈေးမြင့်တက်သွားတဲ့အတွက် မလေးရှားအနေဖြင့် ဈေးနှုန်းအရ အားသာချက်ကို ရရှိပေမဲ့ လက်တွေ့မှာတော့ မလေးရှားစားအုန်းဆီကဏ္ဍမှာ ကုန်ကျစရိတ်များ မြင့်တက်နေလို့ ရောင်းဈေးလည်း မြင့်တက်ပါတယ်။ အထူးသဖြင့် လုပ်သားစရိတ်ထောင်းတဲ့အတွက် ရောင်းဈေးမြင့်တက်ပါတယ်။

နှစ်နိုင်ငံစလုံးမှာ ဓာတ်မြေဩဇာဈေးနှုန်းများ စံချိန်တင် မြင့်တက်နေပါတယ်။ အခုလို ကုန်ကျစရိတ်တွေ မြင့်တက်တာကြောင့် အောက်တိုဘာလမှာ စားအုန်းဆီရောင်းဈေး ခေါင်ခိုက်တဲ့အထိ မြင့်တက်ပါတယ်။ အလှကုန်တွေ၊ ချေးချွတ်ဆေးတွေအပါအဝင် စားအုန်းဆီကြမ်းကို ကုန်ကြမ်းအဖြစ် သုံးစွဲထုတ်လုပ်တဲ့ ထုတ်ကုန် ကုန်ချောရောင်းကုန်တွေ ဈေးတက်ကုန်ပါတယ်။

မလေးရှားမှ စားအုန်းဆီထုတ်လုပ်တဲ့ FGV Holdings နဲ့ Sime Darby Plantation တို့မှာ လုပ်သား အလုံအလောက် မရရှိလို့ စားအုန်းဆီအသီးတွေ အချိန်မီ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့လို့ ထုတ်လုပ်မှု ပမာဏ လျော့ကျပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလမှာ အင်ဒိုနီးရှားမှ လုပ်သားအများစု (၈၀% ခန့်) ပါဝင်တဲ့ ရွှေ့ပြောင်းလုပ်သားဦးရေ ၃၃၇,၀၀၀ ဝန်းကျင် ဆီအုန်းစိုက်ခင်းများမှာ လုပ်ကိုင်ပါတယ်။ မလေးရှားမှာ လော့ဒေါင်းချဖို့ ကြေညာလိုက်တဲ့အခါ အများစုဟာ မိခင်နိုင်ငံ အင်ဒိုနီးရှားသို့ ပြန်ကြပါတယ်။ မလေးရှား အစိုးရက ကိုဗစ်ကူးစက်မှု တားဆီးကာကွယ်ရေးအတွက် ရွှေ့ပြောင်းလုပ်သားများ မလေးရှားမှာ လာရောက်အလုပ်လုပ်ခွင့် ပါမစ်များ ပိတ်ပင်ထားလိုက်ပါတယ်။ စာရွက်စာတမ်း အထောက်အထား မရှိတဲ့ ရွှေ့ပြောင်းလုပ်သား အများအပြားကိုလည်း မိခင်နိုင်ငံများထံ ပြန်ပို့ပါတယ်။

ရလဒ်အဖြစ် မလေးရှား ဆီအုန်းစိုက်ခင်းကဏ္ဍမှာ လုပ်သား ရှားပါးသွားပြီး ခန့်မှန်းခြေအားဖြင့် လူအင်အား ၇၅,၀၀၀ ဦးခန့် လိုအပ်လျက် ရှိပါတယ်။ လုပ်သား မရလို့ ဆီအုန်း ဆွတ်ခူးထုတ်လုပ်မှု ထိုးကျသွားပါတယ်။ ဆီအုန်း အထွက်နည်းလို့ စားအုန်းဆီ ထုတ်လုပ်မှုလည်း လျော့ကျသွားပြီး စားအုန်းဆီ ဝယ်လိုအားကို မဖြည့်တင်းနိုင်တာကြောင့် စားအုန်းဆီ စံချိန်တင် ဈေးတက်ကုန်တယ်။
အခြေအနေ သက်သာစေဖို့ မလေးရှား အစိုးရက စက်တင်ဘာလမှာ ပြည်ပလုပ်သား ၃၂,၀၀၀ ဦးကို ဆီအုန်းစိုက်ခင်းတွေမှာ လုပ်ကိုင်ဖို့အတွက် ခေါ်ယူဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ အင်ဒိုနီးရှားမှ ဦးစားပေး ခေါ်ယူပါတယ်။ ပြည်ပလုပ်သားတွေ ခေါ်သွင်းပေးမဲ့လည်း ၂၀၂၂ ဆွတ်ခူးရာသီ စက်တင်ဘာလမှ နိုဝင်ဘာလအထိမှာ လုပ်သားဦးရေ လိုအပ်သလောက် အပြည့်အဝ မဖြစ်သေးဘူးလို့ ကြိုတင်ခန့်မှန်းထားပါတယ်။

ယခုနှစ်မှာ ဓာတ်မြေဩဇာ ဈေးတက်တာကြောင့်လည်း ကုန်ကျစရိတ် မြင့်တက်ပါတယ်။ Indonesian Palm Oil Association (GAPKI) ရဲ့ အဆိုအရ ကုန်ကျစရိတ်တက်ရတာ ဓာတ်မြေဩဇာ ဈေးတက်တာက အဓိကကျပါတယ်။ ယခုနှစ်မှာ မလေးရှားမှာ စားအုန်းဆီကြမ်း တစ်တန် ထုတ်လုပ်မှု ပျမ်းမျှ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၄၇၈ မှ ၅၂၆ အထိ ဖြစ်ပြီး အင်ဒိုနီးရှားမှာ အမေရိကန်ဒေါ်လာ ၅၀၀ မှ ၆၀၀ အထိ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)