Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီ အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး

၂၀၂၁ခုနှစ် ဇူလိုင် ၄ရက်နေ့တွင် ကျင်းပခဲ့သော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏

ပထမအကြိမ် စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ အခြေခံရည်ညွှန်း စပါး ဈေးနှုန်း ထုတ်ပြန်ကြေညာနိုင်ရေးနှင့် ကြက်သွန်နီအခြေခံရည်ညွှန်းဈေးနှုန်းသတ်မှတ်ပြဋ္ဌာန်းနိုင်ရေးတို့အတွက် ဆောင်ရွက်နေကြောင်း သိရသည်။
ကြက်သွန်နီကို အခြေခံရည်ညွှန်းဈေးသတ်မှတ်နိုင်ရန်အခုနှစ်တွင် စတင်ဆောင်ရွက်လာခြင်းဖြစ်ပါသည်
ကြက်သွန်ဈေးနှုန်းများ စိုက်ပျိုးထုတ်လုပ်မူစရိတ်အောက်ထိကျဆင်းကာ နှစ်နှစ်ဆက်တိုက် တောင်သူများ အရူံးပေါ်နေခြင်းကြောင်း အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပေးတာကို ကြိုဆိုကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးက ဆိုသည်။
“တောင်သူတွေက ဝယ်သူမရှိဘူး၊ ရှိတဲ့လူကို ရတဲ့ဈေးနဲ့ရောင်းရတဲ့ အနေအထားဗျ၊ မနှစ်ကလည်း အရင်းရှုံးကြတယ်။ အခြေခံဈေးသတ်မှတ်ပေးမယ်ဆိုရင်တော့ တောင်သူအကျိုးရှိနိုင်တယ်” ရှမ်းပြည်နယ် မှကြက်သွန်ကုန်သည်တစ်ဦးဖြစ်သူ ဦးသက်ဖြိုးကဆိုသည်။ ဒါ့အပြင် အခြေခံဈေးသတ်မှတ်ပေးရာမှာ လအလိုက်ဈေးနှုန်းသတ်မှတ်ပေးရန်လိုအပ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ရင်းမြစ် ဝိစာရ

Read times
Rate this item
(0 votes)