Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေး စျေးကွက်အ ကြက်သွန်နီ အဟောင်း အဝင်များချိန် စျေးအေး

မန္တလေး စျေးကွက်အတွင်းသို့ ကြက်သွန်နီ အဟောင်းများ အဝင်များချိန် စျေးအေးလျက် ရှိကြောင်း သိရသည်။


ကြက်သွန်နီအဟောင်းများ အရည်အသွေးနိမ့် (အညှောင့်ပေါက်)လာခြင်းကြောင့် ဈေးနှုန်း နိမ့်ကျလာကြောင်း၊ ​သြဂုတ်လ ပထမပတ် အတွင်း ထိပ်စကျပ် ၆၀ဝ၊ အလတ်စ ကျပ် ၅၀ဝ၊ အနိမ့်စ ကျပ် ၃၀ဝ၊ လက်လီဈေးနှုန်းများမှာ ထိပ်စ ကျပ် ၈၀ဝ၊ အလတ်စ ကျပ် ၆၀ဝ၊ အနိမ့်စကျပ် ၃၀ဝ ဖြင့် နေ့စဉ် ကုန်ချိန်ပိ ဿာ ၂၅၀ဝ၀ မှ ၃၀ဝ၀ဝ ခန့် ဝင်ရောက် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
ကြက်သွန်နီ လက်ကား ဈေးမှာ တစ်ပိဿာလျှင် အမြင့်စ ကျပ် ၅၀ဝ၊ အလတ်စ ကျပ် ၄၀ဝ၊ အနိမ့်စကျပ် ၃၀ဝ၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် ထိပ်စကျပ် ၇၀ဝ၊ အ လတ်စ ကျပ် ၅၀ဝ၊ အနိမ့်စ ကျပ် ၃၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
မန္တလေး-မူဆယ် ကုန်သည် ဦးလှိုင်ဘွားက 'စျေးအေးနေဆဲပါ။ ပြည်ပအထွက် မရှိသေးပါဘူး။ ပုံမှန်အတိုင်းပဲ အရောင်းတော့ ရှိနေတယ်။ ဘဏ်တချို့ပိတ်ထားတာ ဖြစ်လို့ ငွေပေးငွေယူ အခက်အခဲတွေလည်းရှိနေတော့ ပြည်သူတွေ အဓိက သုံးစွဲမှု ကောင်းချိန် ဖြစ်လို့ စျေးမတက်ကြတာလည်း ပါပါတယ်'ဟု ပြောသည်။
အချို့ ဒေသများတွင် မိုးကြက်သွန် ထွက်ရှိချိန် နောက်ကျနိုင်ကြောင်း၊ လက်ရှိအဟောင်းများမှာ ပြည်ပတင်ပို့မှု အနည်း ငယ်သာရှိသောကြောင့် ဈေးအေးနေကြောင်း သိရသည်။
မန္တလေး စျေးကွက်အတွင်းသို့ မြင်းခြံ၊ တောင်သာနှင့် အနီးတစ်ဝိုက်မှ ကြက်သွန်နီ အများအပြား စိုက်ပျိုးသည့် ရွာ များမှနေ့စဉ် ကုန်ချိန်ပိဿာ(နွေ)၄၀ဝ၀ခန့်မှ (မိုး) ၁၇၆၀ဝ၀ ကျော်ထိ ဝင်ရောက်မှုရှိပြီး ယခုတစ်ပတ် လက်ကားဈေး တစ်ပိဿာလျှင် ကြက်သွန်နီ (မိုး) ကျပ် ၂၀ဝ မှ ၄၀ဝ၊ ကြက်သွန်နီ (နွေ)အဟောင်းများ အရည်အသွေးနိမ့်(အညှောင့်ပေါက်)လာခြင်းကြောင့် ကျပ် ၁၅၀ မှ ၂၅၀ကြားစျေး ဖြင့် အ ရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။
မန္တလေး စျေးကွက်မှ တစ်ဆင့် မန္တလေးတိုင်း၊ စစ်ကိုင်း၊ မကွေး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းသို့ ဖြန့်ဖြူးကြကြောင်း သိရသည်။

 

AMIA-Farmer Digital TV

Read times Last modified on Saturday, 07 August 2021 09:06
Rate this item
(0 votes)