Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့တစ်လွှား ထောပတ်သီး ဈေးကွက်အခြေအနေများ

ထောပတ်သီး စားသုံးမှု မြင့်တက်လာတယ်။ တရုတ်နိုင်ငံမှာ ထောပတ်သီး စားသုံးမှု ပိုများလာနေတယ်။ ထောပတ်သီးကို အသစ်အဆန်း ဖြစ်ခဲ့ကြရာမှာ အခုတော့ တရင်းတနှီး ဖြစ်နေကြပြီ။

ဒီတော့ ဩစတေးလျမှ ထောက်ပတ်သီး စိုက်ပျိုး ထုတ်လုပ်သူတွေက တရုတ်ပြည်ကို ထောပတ်သီးတွေ ပိုရောင်းရလို့ အကျိုးအမြတ် ပိုရရှိကြတယ်။ ပေ ၄၀ ကွန်တိန်နာတွေနဲ့ တရုပ်ပြည်ကို တင်ပို့ကြတယ်။

ဥရောပမှာတော့ ထောထပတ်သီးထွက်တဲ့ စပိန်နဲ့ အီတလီတို့မှာ အပူလှိုင်း ထိထားလို့ ထွက်နှုန်းလျော့ကျတယ်။
နယ်သာလန်နဲ့ ဘဲလဂျီယံတို့မှာ အရွယ်ငယ်တဲ့ ထောပတ်သီးကို ပိုကြိုက်ကြတယ်။ ဈေးလည်း ကောင်းတယ်။
ကင်ညာက ကွန်တိန်နာတွေနဲ့ ထောပတ်သီးတွေ တင်ပို့နေတာ ဒီနှစ်အကုန်အထိ အမှာစာတွေ ရထားတယ်။ အလုံးအရွယ် အငယ်စားတွေကို တင်ပို့နေတယ်။ တန်ဇန်းနီးယားကလည်း ထောပတ်သီး ကွန်တိန်နာတွေ စတင်တင်ပို့နေပြီ။ ထောပတ်သီး အမျိုး ၅၀ ဝန်းကျင်ရှိတာမှာ Hass မျိုး ထောပတ်သီးတွေ တင်ပို့ကြတာ ဖြစ်ပါတယ်။
ပီးရူးကတော့ အလုံးအရွယ်ကြီးတဲ့ ထောပတ်သီးမျိုးတွေကို ပေးပို့ပါတယ်။
ဥရောပ ဈေးကွက်ထဲမှာ အရွယ်ကြီးတဲ့ ထောပတ်သီးမျိုးတွေ ဈေးနည်းနည်း ကျနေပြီး အရွယ်သေးတဲ့ ထောပတ်သီးမျိုးတွေ ဈေးနည်းနည်း တက်နေပါတယ်။
ချီလီ၊ အစ္စရေးနဲ့ စပိန်တို့မှာ ထောပတ်သီးရာသီ စတင်ပြီဖို့ အထွက်များလာတဲ့အခါ ဈေးအကျဘက် ရောက်နိုင်ပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့ဟာ ထောပတ်သီး ရာသီ ဖြစ်ပါတယ်။

ဂျာမနီမှာ ထောပတ်သီး ရောင်းအားကောင်းနေဆဲ ဖြစ်ပါတယ်။ ဂျာမနီ ထောပတ်သီးဈေးကွက်ထဲကို ပီရူး၊ ကင်ညာ၊ တောင်အာဖရိက၊ ကိုလံဘီယာတို့မှ ထောပတ်သီးများ ရောက်ရှိလာနေပါတယ်။
ကင်ညာအသီးတွေက အရည်အသွေး နည်းနည်းနိမ့်တယ်။ မှည့်တဲ့အခါ ကျေနပ်လောက်တဲ့ အရည်အသွေး မရရှိဘူးလို့ ထောပတ်သီး ကုန်သည်တွေက ပြောကြတယ်။ ဈေးကွက်ထဲ ကြီးစိုးနေတာက ပီရူးထောပတ်သီးတွေ ဖြစ်ပါတယ်။ စက်တင်ဘာလကုန်လောက်မှာ တုံးပြီ။ အစ္စရေးထောပတ်သီးတွေက အောက်တိုဘာ နောက်ပိုင်းမှ ဈေးကွက်ထဲ ရောက်လာကြတယ်။ "Pinkerton" "Ettinger" နဲ့ "Hass" ထောပတ်သီးမျိုးတွေ ဖြစ်ပါတယ်။


စပိန်နဲ့ ပေါ်တူဂီ ထောပတ်သီးခင်းတွေ အပူလှိုင်း ထိထားတာ ဟက်တာ ၂၀,၀၀၀ ကျော်ရှိတယ်။ ရာသီချိန်က ဒီဇင်ဘာလမှ ဧပြီလအထိ ဖြစ်ပါတယ်။

အီတလီ ထောပတ်သီးက ရာသီချိန်မှာ အထွက်များလို့ ဈေးကျစမြဲ ဖြစ်ပါတယ်။ ဇူလိုင်နဲ့ ဩဂုတ် လတွေမှာ အပူချိန် 46 °C အထိ ပူခဲ့တဲ့ဒဏ် ထိထားတယ်။ ယမန်နှစ်က တန်ချိန် ၁.၄၀၀ ထွက်ခဲ့ပြီး ဒီနှစ်တော့ အပူထိထားလို့ အထွက်လျော့မယ်လို့ ခန့်မှန်းထားကြတယ်။


တောင်အာဖရိကမှ ထွက်တဲ့ Fuerte ထောပတ်သီးတွေက Hass ထက် ဈေးနှစ်ဆ ရတယ်။ ပီရူးမှ ထောပတ်သီးတွေ ဥရောပဈေးကွက်ထဲ ရောက်မလာသေးခင်မှာ တောင်အာဖရိက ထောပတ်သီးက ပေါ်ဦးပေါ်ဖျားအဖြစ် ရောက်လာလေ့ရှိပြီး ဈေးကောင်းရလေ့ ရှိတယ်။ ပီးရူးထောပတ်သီးတွေ ဝင်လာပြီးချိန်မှာတော့ တောင်အာဖရိကထောပတ်သီးတွေ တင်ပို့ဖို့ ဝယ်လက် ရှားသွားတယ်။ ဈေးနှုန်း ပြောဆိုရင် 4kg carton ပုံးတစ်ပုံးဈေးဖြင့် ပြောဆိုလေ့ ရှိတယ်။

တရုတ် နိုင်ငံက ထောပတ်သီး ဈေးကွက်အသစ်ဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ် ဝယ်လိုအား တက်လာနေတယ်။ ၂၀၂၁ ထောပတ်သီး ရာသီချိန်မှာ တန်ချိန် ၄၆၇,၀၀၀ အထိ တင်သွင်းမယ်လို့ ခန့်မှန်းထားကြတယ်။ ပီရူးက တရုတ်ပြည်တွင်း ထောပတ်သီးဈေးကွက်အတွက် အဓိက တင်ပို့နေသူ ဖြစ်ပါတယ်။ ပစ္စည်းမပြတ် ပုံမှန် ပေးပို့နိုင်တဲ့အပြင် အရည်အသွေးမြင့်မားတဲ့ အလုံးတွေကိုပဲ တင်ပို့တယ်။

အမေရိကန် ထောပတ်သီးဈေးကွက်ကလည်း ကြီးထွားနေတယ်။ အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့ မက္ကဆီကို နိုင်ငံမှ တင်သွင်းတယ်။ ပီရူးနိုင်ငံထံမှလည်း တင်သွင်းတယ်။ စားသုံးနှုန်းက တစ်ပတ်ကို ပေါင် သန်း ၅၀ ကနေ ၆၀ အထိ ရှိတယ်။

ဩစတေးလျက ထောပတ်သီး ထုတ်လုပ်တင်ပို့နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ အဓိကအားဖြင့် တင်ပို့နေပြီး အာရှနိုင်ငံများမှာလည်း ဈေးကွက် ရှာဖွေပြီး တင်ပို့ပါတယ်။ ယခုနှစ်မှာ စင်ကာပူနိုင်ငံသို့ ပေ၄၀ ကွန်တိန်နာ တစ်လုံးစာ ထောပတ်သီးတွေ စတင်ပေးပို့ခဲ့တယ်။

Types of Avocado
Alpha
Ashikawa
Beardsley
Beshore
Daily II
Chris Kelly
Cobain
Cocktail Fuerte
Collin 33
Cooper Late Green
Fuerte
Fujikawa
Fukumitsu
Green Gold
Hall
Hamachi
Hashimoto
Hayes
Hulumanu
Illialu
Infante
Infante 2
Itzamna
Ixtapan - J- 70
Jan Boyce
Jeanette
Johnson
Kakazu
Kampong
Kellum
Kaneko
Kosel
Leal
Little Kado
Masami
Mr.T
MIT 13
Murashige
Nabal
Naranjo
Nishikawa
Ohata
Ota
Pankay
Papaiko
Principe
Reed
Rodrigues
San Miquel Purple
Schattauer 1
Schattauer 2
Semil 34
Serpa
Shirai
Tamashiro
Thompson
Yamagata
Yamane
Vargas

 

 

original_avocado-varieta.jpg

 

 

original_avocado-infografica_0.jpg

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read times
Rate this item
(0 votes)