Fruits & Vegetables



ဗီယက်နမ် ဒူရင်းခြံများနှင့် ကော်ဖီစိုက်ခင်းများ မကြုံစဖူး ထူးထူးကဲကဲ အမြတ်များ ရရှိ

ဗီယက်နမ် ဒူရင်းခြံများနှင့် ကော်ဖီစိုက်ခင်းများ မကြုံစဖူး ထူးထူးကဲကဲ အမြတ်များ ရရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၃ ခုနှစ်တွင် ဒူးရင်းနှင့် ကော်ဖီတို့၏ စံချိန်တင်စျေးနှုန်းများကြောင်ဘ အလယ်ပိုင်းကုန်းမြင့်နှင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ တောင်သူများ အမြတ်အစွန်းများ သိသိသာသာ ပိုမိုရရှိခဲ့ကြသည်။

 

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Can Tho မှ ခြံပိုင်ရှင် Thoai က ဒူးရင်းခြံများသည် ယခင်နှစ်က အသီးအထွက်များခဲ့ခြင်းမျိုး ယခင်က တစ်ခါမှ မရရှိဖူးကြောင်း ပြောကြားသည်။

 

photo_2024-02-21_11-53-36.jpg

 

ဒူးရင်းသီး ဈေးနှုန်းသည် အထွက်အများဆုံးရာသီတွင်ပင်လျှင် မြင့်မားနေခဲ့ပြီး တစ်ကီလိုလျှင် ဒေါင် ၁၄၀,၀၀၀ (US$5.73) အထိ မြင့်တက်နေခဲ့သည်။

ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒူးရင်းသီးရောင်းရငွေမှ ဒေါင်ဘီလီယံချီ  အမြတ်ကုိ Thoai ရရှိခဲ့သည်။

 

မြင့်မားသော ဝယ်လိုအားသည် ယခုနှစ်အထိ ဆက်ရှိနေဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ ကြာမြင့်သည့် ယခုနှစ် နှစ်သစ်ကူး အားလပ်ရက်များ မတိုင်ခင်တွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ဒူရင်းခြံ အများအပြားတို့သည် တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် ရာသီချိန်လွန် ဒူးရင်းသီးများကို ဆွတ်ခူးရောင်းချခဲ့ကြသည်။ တရုတ်နိုင်ငံမှာ နှစ်သစ်ကူးတွင် ဒူရင်းသီး လက်ဆောင်ပေးခြင်း၊ ဒူရင်းသီးဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ကြောင့် ဝယ်လိုအား မြင့်တက်နေခဲ့သည်။ 

၅ ကီလိုဂရမ် ဒူရင်းသီးများကို ဒေါင် ၁ သန်း ($41) ဖြင့် ရောင်းချကြသည်။ 

 

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင်သာမက အလယ်ပိုင်း ကုန်းမြင့်ဒေသရှိ ဒူးရင်းခြံများမှာလည်း ပြီးခဲ့သည့်နှစ်က အမြတ်အစွန်းများစွာ ရခဲ့သည်။

 

အလယ်ပိုင်း ကုန်းမြင့်ဒေသ၏ Dak Lak ပြည်နယ်ရှိ ဒူရင်းခြံပိုင်ရှင် Cuong သည် ဒူးရင်းသီး ဟက်တာ ၄၀ ကို ရိတ်သိမ်းပြီးနောက် ဒေါင် ၁၂၀ ဘီလီယံ ရရှိကြောင်း ပြောကြားသည်။

 

ဗီယက်နမ် ဒူရင်းသီးများအတွက် တရုတ်နိုင်ငံသည် အကြီးဆုံးဈေးကွက်ဖြစ်သည်။ ယမန်နှစ်က တရုတ်နိုင်ငံသို့ ဒူရင်းသီး ကန်ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး တင်ပို့ခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ရာသီလွန်ချိန်တွင်လည်း ဒူရင်းသီး ရရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သောကြောင့် ဗီယက်နမ်ဒူးရင်းသီးများ စျေးနှုန်းကြီးမြင့်နေလျှင်လည်း တရုတ်က ဆက်လက်ဝယ်ယူနေပါသည်။

 

နောက်ထပ် စိုက်ပျိုးရေး ထုတ်ကုန်ဖြစ်သော ကော်ဖီသည်လည်း ယမန်နှစ်က ဈေးကောင်း ရခဲ့သည်။ 

 

အလယ်ပိုင်း ကုန်းမြင့်ဒေသ ပြည်နယ် Kon Tum မှ Hoa က သူမ၏ မိသားစုသည် ၂၀၂၃ ခုနှစ်တွင် ကော်ဖီစေ့ ခုနစ်တန် ဆွတ်ခူးခဲ့ကြောင်း ပြောကြားသည်။

 

အမြင့်ဆုံး ရရှိခဲ့သည့် ရောင်းဈေးမှာ တစ်တန်လျှင် ဒေါင် ၇၆ သန်းဖြစ်ပြီး သူမ၏မိသားစုသည် ယမန်နှစ်က ဒေါင် သန်း ၅၃၀ ကျော် ရရှိခဲ့သည်။ ကုန်ကျစရိတ်များ နုတ်ပယ်ပြီးသောအခါ ဒေါင် သန်း ၂၀၀ ကျော် အမြတ်ကျန်သည်။ ယခုလို အမြတ်မျိုး ယခင်က တခါမှ မရခဲ့ဖူးကြောင်း သူမက ပြောကြားသည်။ 

Source vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 21 February 2024 11:58
Rate this item
(0 votes)